Extra //1//

7.2K 1K 56
                                    

UNICODE

အချပ်ပို (၁) လက်ထပ်ပြီးနောက်နေ့စဉ်ဘဝ

ပင်လယ်ကျွန်းပေါ်မှာ ပျားရည်ဆမ်းခရီးကို ဖြတ်သန်းပြီးနောက်ဝယ် ပြည်တွင်းကို ပြန်လာကြပြီး နှစ်ယောက်သားက နေ့စဉ်နေ့တိုင်း အလုပ်ကိစ္စတွေနဲ့ ပျားပန်းခတ်အလုပ်များနေကြပြန်သည်။

လက်ထပ်ပြီးသွားပြီဆိုမှတော့ အိမ်အသစ်ဝယ်ဖို့ လိုအပ်လာပြီပင်။ နှစ်ယောက်စလုံးရဲ့ အလုပ်နေရာက မြို့တော်ရဲ့မြို့လယ်ခေါင်မှာရှိနေတာကို ထည့်သွင်းစဉ်းစားရတဲ့အပြင် မြို့တော်ရဲ့ ယာဉ်ကြောပိတ်ဆို့မှုအနေအထားကလည်း သူတို့နှစ်ယောက်ကို မြို့စွန်မှာနေခွင့်မပေးတာကြောင့် မြို့လယ်ခေါင်မှာပဲ နှစ်ထပ်ပါတိုက်ခန်းတစ်ခန်း ဝယ်လိုက်တော့သည်။

အိမ်တွင်းအလှဆင်တဲ့အလုပ်ကိုတော့ ဘက်စုံထူးချွန်တဲ့ချောင်ကုန်းကုန်းကိုသာ လွှဲထားလိုက်သည်။ ချောင်ကုန်းကုန်းကလည်း ဒီအလုပ်ကို အလွန်အမင်းစိတ်အားထက်သန်စွာနဲ့ တာဝန်ယူပေးတဲ့အပြင် ကာယလုပ်အားအတွက် စစ်သူကြီးမင်းကိုပါ ချောဆွဲထားလိုက်သေး၏။

လုပ်ရည်ကိုင်ရည်မြင့်မားလွန်းပါတဲ့ ချောင်ကုန်းကုန်းက တစ်အိမ်လုံးကို ပြည့်ပြည့်စုံစုံပြင်ဆင်မွမ်းမံဖို့ရာအတွက် အချိန်နှစ်လသာ သုံးခဲ့သည်။

ဒီနေ့ကတော့ အိမ်တွင်းအလှဆင်ထားတဲ့ရလဒ်ကို သွားကြည့်ရမယ့်နေ့ပင်။ စုန့်ရှောင်း နောက်ဆုံးအစီရင်ခံစာတစ်စောင်ကို သဘောတူလက်မှတ်ထိုးပေးပြီးတော့ အကြောဆန့်လို့ ထရပ်လိုက်၏။ ကုတ်အင်္ကျီချိတ်တိုင်ပေါ်က အနောက်တိုင်းဝတ်စုံအပေါ်ဝတ်ကို ဖြုတ်ယူလိုက်ကာ တံခါးကိုတွန်းဖွင့်ပြီး ထွက်သွားသည်။

နေမင်းကြီးက အိပ်တန်းမတက်သေးပေ။ အပြင်မှာ လင်းနေသေးဆဲဖြစ်ကာ ရုံးဆင်းလာကြတဲ့ဝန်ထမ်းတွေက စုန့်ရှောင်းကိုမြင်တာနဲ့ တက်ကြွဖော်ရွေစွာ နှုတ်ဆက်လာကြသည်။

""ဥက္ကဌ၊ ကျိုက်ကျန့်*။"

*ကျိုက်ကျန့် 再见 - Goodbye/ See you again

ဥက္ကဌဖြစ်သူက ရှင်းဟိုင်အင်တာတိန်းမန့်ထ်ဝင်ပေါက်ကြီးရှေ့ထိ တစ်ယောက်တည်းထွက်သွားပြီး လမ်း‌‌ဘေးမှာ မတ်တပ်ရပ်စောင့်နေတာကို လူတိုင်းက လက်ကလေးတွေဝှေ့ရမ်းပြရင်း ကြည့်နေမိကြသည်။ တစ်မိနစ်တောင် မကြာသေးခင်မှာပင် နီလာပြာရောင်ပြိုင်ကားလေးတစ်စင်း မောင်းဝင်လာပြီး သူ့ရှေ့ကိုရောက်တာနဲ့ ကားတံခါးက အလိုအလျောက်ပွင့်လာကာ စုန့်ရှောင်းက ခေါင်းကိုငုံ့လို့ ကားထဲဝင်သွား၏။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now