Chapter //118//

5.9K 1K 39
                                    

UNICODE

T.N/

ဒီအခန်းမှာ ငါးမျိုးငါးနွယ်တွေရဲ့ဇာတ်ထုပ်ကို နောက်ကြောင်းပြန်လှန်မှာမို့ အတွဲ(၂)က ငါးမျိုးငါးနွယ်တွေအကြောင်း တစ်ချက်ပြန်နွှေးပေးပါ့မယ်။ 

ယွီထန်ရဲ့အဖေမျိုးဆက်မှာ အားလုံးပေါင်းကိုးယောက်ရှိတယ်။ ဇာတ်လမ်းထဲပါတဲ့သူတွေကို အစဉ်လိုက်ပြန်ပြောပြရရင် ဒုတိယဦးလေးကနေ စရမယ်။ အဲဒီဒုတိယဦးလေးက ယွီထန်တို့ အမေရိကားမှာရှိနေတုန်း နဝမဦးလေး ယွီလန်နဲ့ပေါင်းပြီး စုန့်ရှောင်းကို ပြန်ပေးဆွဲခိုင်းရာကနေ အမှုတွဲလိုက်ကြီးထွက်လာပြီး ‌တစ်သက်တစ်ကျွန်း ထောင်ကျသွားတာ။ အဓိကအမှုကတော့ ဖိုးဖိုးယွီရဲ့ညီ တတိယဖိုးဖိုးရဲ့သမီးကို သူမှောင်ခိုလုပ်ထားတာတွေ ပေါ်မှာစိုးလို့ သတ်လိုက်တာကြောင့်ပဲ။ နောက်တစ်ယောက်က ဒီအပိုင်းမှာ ထပ်ပါလာမယ့် စတုတ္ထဦးလေးယွီချွမ်း၊ သူက ယွီထန် တာ့ယွီငွေကြေးမှာ အလုပ်ဝင်တုန်း အခက်တွေ့အောင် မျိုးစုံလုပ်ခဲ့တဲ့သူ၊ အရှုံးပေါ်မယ့်စီမံကိန်းတွေ ဖြေရှင်းခိုင်းတာမျိုး။ နဝမဦးလေးယွီလန်ကတော့ အားလုံးမှတ်မိမယ်ထင်ပါတယ်၊ တစ်ချိန်လုံး ယွီထန်ကို ချောက်ချချင်နေတဲ့ ဝမ်းတွင်းပုပ်ကပြားကောင်ပါ။ 

အပိုင်းသစ်အစမှာလာတဲ့ ဘာသာပြန်သူမှတ်စုကပဲ တော်တော်ရှည်သွားပြီ >< ဒီလိုပြန်မနွှေးပေးရင် ဒီအပိုင်းဖတ်ရင်း ဘာတွေလဲဟဆိုပြီး ရှုပ်ကုန်မှာစိုးလို့ပါ။ ကဲ... အပိုင်းသစ်လေးကို ရှုစားနိုင်ပါပြီရှင်~

___________________

အခန်း (၁၁၈) လုပ်ပိုင်ခွင့်အာဏာကိုသိမ်းယူခြင်း

"သား! ငါ့သားလေးရယ်!"

ယွီလောင်ယယ်ကျစ်တစ်ယောက် မတုံ့ပြန်လာနိုင်သေးခင်မှာပဲ တစ်ဖက်မှာရှိနေတဲ့ တတိယဖိုးဖိုးကတော့ တရှိန်ထိုးအပြေးသွားနှင့်ပြီဖြစ်ကာ သတ္တမဦးလေးကို တင်းတင်းဖက်ထား၏။ သူသည် မတိုင်မီကလည်း သမီးတစ်ယောက်ကို ဆုံးရှုံးသွားခဲ့ပြီးဖြစ်ကာ အခုလို အသက်ကြီးပါမှ သားဖြစ်သူကိုပါ ထပ်ပြီးဆုံးရှုံးခဲ့ရပြန်သည်။ အကယ်၍ ထိန်းကူထားပေးသည့် သမီးတစ်ယောက်သာ ထပ်ရှိမနေခဲ့ပါလျှင် သူသည်လည်း သားဖြစ်သူနှင့်အတူ ထွက်သွားနှင့်ပြီးဖြစ်နေမှာကိုတောင် စိုးရသည်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now