Chapter //27//

9.7K 1.7K 74
                                    

UNICODE

အခန်း (၂၇) နာမည်

ယွီထန်က ဖုန်းချလိုက်ပြီး ပလက်စတစ်ဂေါ်ဖီထုပ်လေးကို သူ့ညီမလေးဆီ ပြန်ပေးလိုက်တယ်။

"ကိုယ့်ဘာကိုယ် ဆက်ကစားလိုက်နော်... ကိုကို ပြောစရာရှိလို့ ဖေဖေ့ကို သွားရှာလိုက်အုံးမယ်။"

"အိုခေ...။"

ယွီမြောင်လေးက နာခံကျိုးနွံစွာနဲ့ ခေါင်းငြိမ့်ပြလိုက်တယ်။

ယွီထန်တစ်ယောက် တဒင်္ဂလောက် တောင့်ခဲသွားတော့တယ်။ သူ့ညီမလေးရဲ့ တုံ့ပြန်ချက်က ရိုသေကျိုးနွံလှပြီး ပွင့်လင်းပေတယ်။ သူ့အပေါ် တစ်စက်ကလေးတောင် သံသယမဝင်သလို စစ်ဆေးမေးမြန်းနေခြင်း အလျဉ်းမရှိပေ။ ခုနလေးတင်က စုန့်ရှောင်းရဲ့ တုန့်ပြန်ချက်အတိုင်းပဲ...။ ကြည်လင်ရွှန်းလဲ့တဲ့ မျက်ဝန်းကျယ်ကျယ်အတွင်းမှာ 'ယုံကြည်မှု' နဲ့ 'အားကိုးမှီတွယ်ခြင်း'တို့ကလွဲ တခြားသော အရိပ်အယောင်တို့ ရှိမနေခဲ့ပေ။

အားကိုးမှီတွယ်ခြင်း...

သူတို့ အတိတ်ဘဝမှာတုန်းကဆို စုန့်ရှောင်းက စုန့်အိမ်တော်ရဲ့ အိမ်တွင်းရေးပြသနာ အရေးကိစ္စတွေအကြောင်း သူ့ကို ပြောပြလေ့ မရှိပေ။ သူတို့နှစ်ယောက် လက်မဆက်ခင်ကဆို စုန့်ရှောင်းက ရေမြေအုပ်စိုးသူ ဧကရာဇ်တစ်ပါးနဲ့ အမတ်တစ်ဦးအကြား ဆက်ဆံရေးကျင့်ဝတ်ထုံးတမ်းတွေကို အစဉ်အမြဲ ကျင့်သုံးခဲ့တာ ဖြစ်တယ်။ စုန့်ရှောင်းအနေနဲ့ သူ့အပေါ် ထားရှိတဲ့ 'ယုံကြည်မှု' ရှိခဲ့ပေမယ့် 'အားကိုးမှီတွယ်ခြင်း'ကတော့ စိုးစဉ်းမျှ ရှိမနေခဲ့ပေ။ ကြည့်ရတာ လက်ရှိအချိန် ဒီဘက်ခေတ်ကာလမှာတော့ အနည်းငယ် ကွာခြားပုံပဲ။ စုန့်ရှောင်းကိုယ်တိုင်တောင်မှ ဒီအချက်ကို သတိထားမိပုံလည်း မပေါ်ပေ။

ယွီထန်က မျက်လွှာချလိုက်တယ်။ သူ့နှလုံးသားထဲမှာတော့ ဖော်ပြဖို့ မစွမ်းသာတဲ့ ဝမ်းသာပီတိ ကြည်နူးမှုအဟုန်တို့ ပြည့်လျှံလာခဲ့လေတယ်။ ဒီကာလဒီဒေသမှာ စုန့်ရှောင်းက သူတစ်ယောက်တည်းကိုသာ သိကျွမ်းတာ ဖြစ်တယ်... ဒါကြောင့် မှီခိုအားထားဖို့ရာလည်း သူတစ်ယောက်တည်းသာ ရှိပေတယ်။ 

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now