Chapter //77//

7.1K 1.2K 9
                                    

UNICODE

အခန်း (၇၇) ရင်းနှီးမြှုပ်နှံမှု

ခေါင်းလေးငုံ့လို့ ပိုက်ဆံရေနေတဲ့ စုန့်ရှောင်းကို ယွီထန်က တဒင်္ဂလောက် တိတ်တိတ်လေး ကြည့်နေလိုက်ပြီးမှ လက်လှမ်းလို့ ဖမ်းဆွဲလိုက်ကာ ပုခုံးပေါ် ပစ်တင်ရင်း ထထွက်သွားလိုက်တယ်။

"အင့်... ပြုတ်ကျကုန်ပြီလို့!"

စုန့်ရှောင်းက ယွီထန်ရဲ့ တင်ပါးကို လှမ်းရိုက်လိုက်တယ်။ 

အတန်ကြီးတစ်ရွက် အောက်ပြုတ်ကျသွားပြီလို့။

ယွီထန်က သူ့ကို လျစ်လျူရှုထားကာ ပုခုံးပေါ် ထမ်းထားရင်းနဲ့ပဲ အိမ်ပေါ်ထပ်ကို သယ်သွားလိုက်ပြီး ဘန်းခနဲ အသံထွက်အောင် တံခါးကို ပိတ်ချလိုက်တယ်။

တာ့ယွီငွေကြေးရဲ့ စီမံကိန်းကို ဆက်တိုက်အပြီးသတ်နေရတဲ့ ယွီထန်တစ်ယောက် နေ့တိုင်းနေ့တိုင်း အလုပ်များနေတော့တယ်။ စုန့်ရှောင်းလည်းပဲ ပိုင်ချင်ရဲ့ ကိစ္စနဲ့ ပတ်သက်လို့ ယွီထန်ကို အနှောင့်အယှက်မပေးတော့ပဲ ကိုယ့်ဘာသာ ဆက်ကိုင်တွယ်သွားလိုက်တယ်။

ထင်ထားသလိုပင်... ပိုင်ချင်က သူမကို အာမခံနဲ့ ထုတ်ပေးဖို့အတွက် ချိုးမင်ယန့်ကို အကူအညီတောင်းခဲ့ပြီး ပိုက်ဆံပြန်ပေးဖို့ဆိုတဲ့ ဆင်ခြေနဲ့ စုန့်ရှောင်းကို နောက်တစ်ခေါက် ထပ်တွေ့ပြန်တယ်။

"ရှင်သာ ရဲကို အချိန်မီမခေါ်ပေးခဲ့ရင် ကျွန်မတော့ တစ်ခုခုဖြစ်သွားလောက်ပြီ။"

ပိုင်ချင်က နှာတရှုံ့ရှုံ့ဖြစ်လာတော့တယ်။ အဲဒီအချိန်တုန်းကအကြောင်းကို ပြန်စဉ်းစားလိုက်တာနဲ့ အကြောက်တရားတို့ ခိုတွယ်နေဆဲပင်။ လက်လှမ်းလိုက်ပြီး စုန့်ရှောင်းကို အမေရိကန်ဒေါ်လာတစ်ထောင်ပါတဲ့ စာအိတ်တစ်အိတ် ကမ်းပေးလာခဲ့တယ်။ သူမရဲ့ ဆွေမျိုးတွေထံကနေ ဒေါ်လာသုံးသောင်း ချေးနိုင်ခဲ့တာမို့ ‌ဒေါ်လာတစ်ထောင်လောက်တော့ လစ်ဟင်းမနေတော့ပေ။ သူမပုံရိပ်ကို ထိန်းသိမ်းထားနိုင်ဖို့အတွက် သူမအနေနဲ့ ကျိန်းသေ‌ပေါက် ပြန်ပေးသင့်သည်ပင်။

စုန့်ရှောင်းကလည်း ပြန်ပေးလာတဲ့ ငွေကို လက်ခံလိုက်ပြီး သူမကို ဘယ်ကရလာတဲ့ ပိုက်ဆံလဲဘာညာ ပြန်မေးမနေတော့ပဲ ထထွက်လာလိုက်တယ်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now