Chapter //67//

7.2K 1.3K 29
                                    

UNICODE

အခန်း (၆၇) သူလျှို

ယွီထန်ကတော့ သူ့ကျောပေါ်က လူကို အောက်ချဖို့ရာအတွက် ရည်ရွယ်ချက်စိုးစဉ်းမျှ မရှိချေ။ အဲဒီအစား သူက အဲဒီလူသားလေးကို ပိုလို့ သက်တောင့်သက်သာ ရှိစေရန်အတွက် တစ်ချက်ပင့်တင်လိုက်ရင်း မျက်နှာသေနဲ့ လှည့်နှုတ်ဆက်လာခဲ့တယ်။

"နဝမဦးလေး၊ ဒေါ်လေး။"

"အိုး... ထန်... တို့ ပြောခဲ့တယ်လေကွာ။ ယူ တို့ကို ဒေါ်လေးလို့ ခေါ်ဖို့မလိုပါဘူးဆို။"

ခါမေလာရဲ့ မျက်နှာလေးက ရှုံ့တွသွားခဲ့တယ်။

"တို့က တစ်ကျောင်းတည်းသားတွေချည်းပဲလေ... ဟုတ်တယ်မလား?"

စုန့်ရှောင်းက ယွီထန်ရဲ့ ပုခုံးပေါ် မှီထားရင်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နဲ့ အဲဒီနဝမဦးလေးဆိုတဲ့ တစ်ယောက်ကို ကြည့်နေခဲ့တယ်။ ခါမေလာနဲ့ ယွီထန်တို့ စကားပြောနေတုန်း နဝမဦးလေးက သူ့ကို ဘယ်သူမှ ကြည့်မနေဘူးလို့ ထင်ခဲ့ကာ ထိုသူရဲ့ မျက်ဝန်းတွေက မတူကွဲပြားတဲ့ အရောင်တစ်မျိုး လက်ခနဲ ဖြစ်သွားခဲ့တယ်။ သူက အရင်ဆုံး ယွီထန်ကို ပြစ်တင်ဝေဖန်ချင်နေသလိုမျိုး ကြည့်နေခဲ့ပြီး ယွီထန်ရဲ့ ပုခုံးပေါ်က လူသားလေးထံ အကြည့်ရောက်သွားတယ်။ စုန့်ရှောင်းရဲ့ အကြည့်နဲ့ ပက်ပင်းတိုးမိခဲ့မယ်လို့ ဘယ်သူက ထထင်ခဲ့မိမလဲလေ။

"ဟိုင်း... မင်္ဂလာပါ။"

စုန့်ရှောင်းကို နှုတ်ဆက်လာတဲ့ ယွီလန်ရဲ့ မျက်နှာထားက ပြောင်းလဲမသွားခဲ့ပေ။

စုန့်ရှောင်း မတုံ့ပြန်နိုင်သေးခင်မှာပဲ ယွီထန်က နှုတ်ဟလာခဲ့တယ်။

"ကျွန်တော့်သူငယ်ချင်းက နေသိပ်မကောင်းလို့ အရင်သွားနှင့်တော့မယ်။ နှစ်ယောက်သား ပျော်ပျော်ရွှင်ရွှင် သွားကစားခဲ့ကြပါ။"

ယွီထန်က ဒီလိုမျိုး ပြောလာပြီဖြစ်တဲ့အတွက် ကျန်နှစ်ယောက်လည်း စကားဆက်ပြောနေလို့ မကောင်းတာကြောင့် ယွီထန်က စုန့်ရှောင်းကို ကျောပိုးရင်း ထွက်သွားတာကိုသာ ကူကယ်ရာမဲ့စွာနဲ့ ကြည့်ရင်း ကျန်နေခဲ့ကြတော့တယ်။ လျှို့ဝှက်သက်တော်စောင့်ကြီးနဲ့ ကုန်းကုန်းတို့ကလည်း ယုတ်စွမဆိုင်း လိုက်သွားခဲ့ကြကာ အဲဒီတော့မှသာ ယွီလန်တစ်ယောက် မရှိသလိုတောင် ထင်ရတဲ့ တည်ရှိမှုနဲ့ ထိုလူနှစ်ယောက်ကို သတိပြုမိသွားတော့တယ်။ သူက ချက်ချင်း အံ့အားသင့်ကြောင်အမ်းသွားရတယ်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now