Chapter //43//

10K 1.5K 81
                                    

UNICODE

အခန်း (၄၃) စာမေးပွဲရလဒ်

အနုပညာအသိုင်းအဝိုင်းမှာ လူထုရဲ့ အမျိုးသမီးအနုပညာရှင်တွေအပေါ် ထားတဲ့ စံနှုန်းသတ်မှတ်ချက်က အတော်လေးကို ပိုပြီး ပြင်းထန်လေ့ရှိတယ်။ အမျိုးသားကြယ်ပွင့်လေးတစ်ပွင့်က တစ်ယောက်ယောက်နဲ့ အိပ်ခဲ့တယ်ဆိုရင် ဒီအကြောင်းက ပေါ့ပြက်ပြက် အတင်းအဖျင်းတစ်ခုအဖြစ်နဲ့ပဲ ပြီးသွားမှာ ဖြစ်တယ်။ တကယ်လို့ အမျိုးသမီးကြယ်ပွင့်လေးတစ်ပွင့်ကသာ တစ်ယောက်ယောက်နဲ့ အိပ်ခဲ့မယ်ဆိုရင်တော့ အကျင့်စာရိတ္တ ပျက်ပြားမှုအဖြစ် သတ်မှတ်ကြတယ်။ တရုတ်လူမျိုးတွေရဲ့ ခေတ်နောက်ကျနေတဲ့ ဒီပုံသေအတွေးအခေါ်ကြီးကြောင့် အမျိုးသမီးအနုပညာရှင်တွေက ဒီလိုမကောင်းသတင်းမျိုးနဲ့ သွားငြိမိမှာကို အလွန်တရာ ကြောက်ရွံ့ကြတာ ဖြစ်တယ်။ ကြည့်ရတာ ဒီတစ်ခါတော့ ကျွော်ကျင်းကျင်းအတွက် ဒီဝေဖန်အပြစ်တင်သံတွေကြားက ရုန်းထွက်ဖို့ရာ အတော်လေး ကြမ်းတမ်းခက်ခဲတော့မှာ ဖြစ်တယ်။

[T.N/ အမျိုးသမီးအနုပညာရှင်တွေချည်းပဲ မဟုတ်ပါဘူး... တရုတ်တွေဆိုတဲ့ အမျိုးကိုက ငွေမျက်နှာကြီးတဲ့ ပါဝါရှင်ကြီးတွေရဲ့ မကောင်းသတင်းကို ဖုံးဖို့အတွက်ဆို အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် လတ်တလော နာမည်ကြီးနေတဲ့လူဆို ကြံဖန်ပြီးကို ထိုးချပစ်တာပဲ :") ဒီတလော ဖြစ်ပျက်သွားတာတွေကတော့ ထင်ရှားတဲ့ သာဓကပဲပေါ့... စီစီပီရေ ဖာ့ခ်ပဲဟေ 凸(艹皿艹 ) ]

ဒါပေမယ့်လည်း ကျွော်ကျင်းကျင်းက စုန့်ဇီချန်နဲ့ ပတ်သက်တဲ့ အယောင်ဆောင်မျက်နှာဖုံးကို ဖယ်ခွာပစ်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီးကတည်းက သူမကိုယ်သူမ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသား ဖြစ်တယ်။ အွန်လိုင်းပေါ်မှာ ဘယ်နေရာကြည့်ကြည့် လူတိုင်းက သူမကို ပြစ်တင်ဆဲဆိုနေကြတာမို့ သူမက အဲဒါတွေကို လုံးဝလုံးဝ မကြည့်တော့ပဲ အိမ်တွင်းအောင်းပြီး တာ့ရိမီဒီယာကနေ သတင်းပို့လာတာကိုပဲ စောင့်မျှော်နေလိုက်တော့တယ်။

ယွီထန်က ကျောင်းပိတ်ရက်အတွင်း အိမ်မှာပဲ ရှိနေခဲ့တယ်။ တာ့ရိမီဒီယာက ပို့ပေးလိုက်တဲ့ စာရွက်စာတမ်းတွေကို ဖတ်ကြည့်လိုက်ပြီး ခပ်ဖွဖွ မျက်ခုံးပင့်မိသွားကာ လူ့စွမ်းအားအရင်းအမြစ်ဌာနကို ဖုန်းခေါ်လိုက်တယ်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now