Chapter //69//

6.9K 1.3K 21
                                    

UNICODE

အခန်း (၆၉) အန္တရာယ်နှင့် ရင်ဆိုင်ရခြင်း

စုန့်ရှောင်း သူ့ရှေ့က လူကို တစ်ချက်စိုက်ကြည့်လိုက်ပြီး လျစ်လျူရှုထားလိုက်ကာ ခေါင်းပြန်ငုံ့ပြီး ဗျပ်စောင်းကို ချထားလိုက်တယ်။

"ရှောင်း... နင်ကတော့ တကယ့်ကို အံ့ချီးဖွယ်ရာပါပဲဟယ်! နင်က လုံးဝကို ငါတို့ကလပ်ရဲ့ အိန်ဂျယ်လေးပဲ!"

အမွေးထူထူနဲ့ ကတ္တီပါသား လာဘ်ခေါ်ကောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ အိုက်မီလိ(အမ်မလီ)က အမေရိကန်ဒေါ်လာတွေနဲ့ ပြည့်နေတဲ့ ဘူးလေးကို ကြည့်ရင်း စိတ်လှုပ်ရှားလာရကာ စုန့်ရှောင်းကို စိတ်အားထန်သန်စွာနဲ့ အာဘွားတစ်ချက်ပေးဖို့အတွက် စုန့်ရှောင်းထံ ပြေးဝင်လာတော့တယ်။

ယွီထန်က လက်တစ်ဖက်ကို မြှောက်လို့ လွန်လွန်ကြူးကြူ တက်ကြွသွက်လက်နေလေတဲ့ အနှီမိန်းကလေးရဲ့ အင်္ကျီကော်လံကို နောက်ကနေ လှမ်းဆွဲလိုက်ပြီး အမွေးဖွားဖွားနဲ့ ကတ္တီပါလာဘ်ခေါ်ကောင်ကြီးကို ဆွဲဖယ်ပစ်လိုက်လေရဲ့။

အိုက်မီလိက သူ့ကို နာကြည်းစွာနဲ့ စူးစိုက်ကြည့်ဖို့ရာအတွက် ခေါင်းလှည့်လာခဲ့ပေမဲ့ ယွီထန်ကို မြင်သွားတဲ့အခါမှာတော့ ရင်ဘတ်ထဲက ဒေါသမီးလျှံတို့မှာ ချက်ချင်းလက်ငင်း ပျောက်ကွယ်သွားတော့တယ်။

"လူကြီးမင်း... ဖျော်ဖြေတင်ဆက်မှုက ပြီးသွားပြီရယ်။"

ယွီထန်က မျက်လွှာပင့်ပြီး စုန့်ရှောင်းကို လှမ်းကြည့်လိုက်ပေမဲ့ စုန့်ရှောင်းကတော့ သူ့ကို မသိသလိုသာ ဟန်ဆောင်နေခဲ့လေတယ်။

"ဒါပေမဲ့လို့ လူကြီးမင်းက အဖွဲ့လိုက်ဓာတ်ပုံရိုက်ချင်တယ်ဆိုရင်တော့ ကျွန်မက ကူရိုက်ပေးနိုင်ပါတယ်ရှင့်!"

အိုက်မီလိက အပြုံးလေးတစ်ပွင့်နဲ့ ပြောလာခဲ့တယ်။

ယွီထန်က မျက်နှာသေနဲ့ သူမကို စိုက်ကြည့်လာခဲ့ပြီး စုန့်ရှောင်းကိုပဲ ဆက်ငေးကြည့်လာပြန်တယ်။

"ငါနဲ့ လိုက်ခဲ့။"

"အားးးးး! ငါ ပညာသင်ဆုရသွားပြီကွ!"

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now