Letter of Gratitude

4K 369 21
                                    

UNICODE

ကျေးဇူးတင်လွှာ

သာ့ကျားဟောင်~ Stop Bothering Me, Emperorရဲ့ ဘာသာပြန်သူ ‌‌ရှောင်ရှန်းပါ။

၂၀၂၁၊ မေလ ၆ရက်မှာ ဇာတ်လမ်းအကျဉ်းနဲ့ အခန်း(၁)ကို စတင်ခဲ့ပြီး တစ်နှစ်နဲ့ငါးလအကြာ ဒီနေ့ ၂၀၂၂၊ အောက်တိုဘာလ ၂၉ရက်နေ့မှာတော့ ဒီဘာသာပြန်လေးကို အဆုံးသတ်နိုင်ခဲ့ပါပြီ။ စာဖတ်သူတို့ရဲ့ အားပေးမှုကြောင့် မသိမသာလေး ရှည်ကြာပြီး အရမ်းကိုအဓိပ္ပါယ်ရှိတဲ့ ခရီးရှည်လေးပါပဲ။

I have amnesia, don't be noisyကနေတဆင့် ဒီဝတ္ထုလေးကို စသိခဲ့ရတာကနေ Eng tranကို ရှာဖတ်ကြည့်မိခဲ့တာ။ နောက်တော့ Coupကာလမှာ အနာဂတ်ပျောက်၊ လမ်းတွေပျောက်ပြီး အကြီးအကျယ် စိတ်ဓာတ်ကျနေတဲ့အချိန် စိတ်ထွက်ပေါက်အနေနဲ့ ဝါသနာလည်းပါတဲ့ ဘာသာပြန်တာကို စလုပ်ကြည့်မယ်ဆိုပြီး စိတ်ကြည်နူးစရာလေး ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးဖြစ်တဲ့ ဒီဝတ္ထုလေးကို ရွေးလိုက်တာပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် စစတုန်းကတော့ ဒီဝတ္ထုကို အဲ့လောက်ကြီးattachedမဖြစ်ခဲ့ဘူးရယ်။ E tranဖတ်တုန်းကဆို အတွဲ(၂)မှာတင် အကြာကြီးရပ်ထားပြီး ဘာသာပြန်ရင်းနဲ့မှ အဆုံးထိ ဆက်ဖတ်ဖြစ်ခဲ့တာ။ ဒါပေမဲ့လေ ဖတ်တုန်းကထက် ဘာသာပြန်နေရင်းနဲ့မှ တဖြည်းဖြည်း နစ်ဝင်သွားတာ။ ပြောရရင် ထန်ထန်နဲ့ ရှောင်းရှောင်းတို့ရဲ့ နှစ်ဘဝတာ ချစ်တတ်မှုကြီးမှာ ဒီကဘာသာပြန်သူ ကျရှုံးသွားတယ်ပေါ့။ ‌စိတ်ထွက်ပေါက်အနေနဲ့ အစပျိုးခဲ့ပေမဲ့ ဒီဝတ္ထုလေးကို ရွေးခဲ့မိလို့ စလယ်ဆုံး ဘယ်တုန်းကမှ နောင်တမရခဲ့ဘူး။ စစတင်ချင်း နှစ်ပိုင်းသုံးပိုင်းလောက်မှာတင် ဝင်ဖတ်ပေးသူတွေရှိခဲ့လို့ တကယ်ဝမ်းသာဖြစ်ခဲ့တာ။ နောက်ပိုင်း တရွေ့ရွေ့တိုးလာတဲ့ စာဖတ်သူတွေ၊ Voteတွေ၊ Commentတွေကို ကြည့်ရင်းလည်း ပျော်လို့မဆုံးတပြုံးပြုံးပဲ။ အစပိုင်းတွေတုန်းက Commentတွေကို replyပြန်ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းကျတော့ Comment replyကြောင့် ဖီးလ်ငုတ်သွားမှာစိုးတာနဲ့ မပြန်ဖြစ်တော့ဘူးရယ်၊ ဒါပေမဲ့လို့ ဝင်ရေးပေးသမျှ Commentတိုင်းကိုတော့ အကုန်လိုက်ဖတ်ကြည့်ပါတယ်။ တချို့အမာခံCommentရေးတဲ့သူတွေကိုဆို နာမည်ပါမှတ်မိပြီး အပိုင်းတိုင်းမျှော်နေမိတဲ့အထိပဲရှင် အဟဲ။ နောက်ပိုင်းအလုပ်ပြန်စလုပ်ရတော့ အပ်ပုဒိတ်တွေ အသားကုန်ကြာပေမဲ့ စောင့်ဖတ်ပေးကြတဲ့ စာဖတ်သူတွေကို ဘယ်လိုတောင် ကျေးဇူးတင်မိမှန်းမသိဘူး။ လုံးဝဝါသနာမပါတဲ့အလုပ်ကြောင့် စိတ်ပင်ပန်းကိုယ်ပင်ပန်းရတဲ့ ‌ရက်တွေမှာဆို ညဘက်ဖုန်းသုံးတဲ့အချိန် Commentတွေကို ဝင်ဖတ်ကြည့်ရင်း တကယ်အမောပြေခဲ့ရတာ။

🎉 You've finished reading ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် || 🎉
ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now