Chapter //108//

6.1K 1.1K 38
                                    

UNICODE

အခန်း (၁၀၈) ဇာတ်ဝင်ခန်းဓာတ်ပုံ

ယွီထန်က ခြေလှမ်းတို့ကို ရပ်တန့်လိုက်ကာ စုန့်ရှောင်းအနောက်မှာ မတ်တပ်ရပ်နေလိုက်ပြီး သူစကားပြောပြီးတဲ့အထိ တိတ်တိတ်လေး နားထောင်နေသည်။

ချောင်စူးက စုန့်ရှောင်းစကားကို နားထောင်ပြီးသွားတော့ အတွေးပင်လယ်ထဲ နစ်ဝင်သွားသည်။ ခေါင်းကိုငုံ့လို့ တခဏလောက် တွေးကြည့်ကာ ဇာတ်ကောင်ရဲ့ခံစားချက်ကို အကြမ်းဖျင်းနားလည်ပြီဆိုမှသာ ဒါရိုက်တာအား စလို့ရပြီဖြစ်ကြောင်း အချက်ပြလိုက်၏။

ဘုတ်ပြားရိုက်သံနဲ့အတူ ရိုက်ကူးရေးကို ပြန်လည်စတင်ခဲ့ကာ အထိန်းတော်ကြီးနေရာမှပုဂ္ဂိုလ်က တော်ဝင်အမိန့်ပြန်တမ်းကို နောက်ထပ်တစ်ခေါက် ပြန်လည်ဖတ်ကြားလာသည်။

《ရွှေရောင်လွှမ်းသောကျင်းဟုန်ခေတ်》ထဲမှ အသုံးအဆောင်တွေက လုံးဝအသေးစိတ်ဖြစ်လွန်း၏။ ဒီတော်ဝင်အမိန့်ပြန်တမ်းဆိုရင်လည်း ရှေးခေတ်တည်းက ကျန်ရစ်ခဲ့တဲ့ အနှီအမိန့်ပြန်တမ်းသာ ဖြစ်သည်။ နှစ်ပေါင်းတစ်ထောင်ကုန်လွန်သွားပြီဆိုပေမဲ့ ဒီနေ့ပြန်ကြားလိုက်ရတော့ မနေ့တစ်နေ့ကလိုပင်။ စုန့်ရှောင်း ခပ်သာသာလေး ပြုံးလိုက်မိ၏။ အနောက်မှာ တစ်ယောက်ယောက်ရပ်နေတယ်လို့ ခံစားလိုက်ရတာမို့ လှည့်ကြည့်လိုက်တော့ ပါးစပ်က နားရွက်တပ်ချိတ်တော့မတတ် ဖြစ်နေလေတဲ့ ယွီထန်ကို တွေ့လိုက်ရလေသည်။

စုန့်ရှောင်းက ချောင်းဟန့်သံတစ်ချက်ပြုလို့ ထရပ်လိုက်ကာ တစ်ခုခုပြောမလို့လုပ်လိုက်ပေမဲ့ ရေမြေ့သခင်ဧကရာဇ်အရှင်ရဲ့ ရူးတူးတူးပေါတောတောမျက်နှာထားကြီးကို မြင်လိုက်ရတော့ တမုဟုတ်ချင်းဆိုသလို ပြောမယ့်စကားတောင် မေ့သွားရလေတော့သည်။

"မင်းပြောသွားတွေက အမှန်ပဲလား?"

ယွီထန်တစ်ယောက် အခုထိ ပါးစပ်မစိနိုင်ဖြစ်နေဆဲပင်။ အနားကို တိုးကပ်လာပြီး သူ့အား မေးလာ၏။

"ငါ...... ငါ ဘာပြောလိုက်လို့လဲ?"

စုန့်ရှောင်းရဲ့နားရွက်ကလေးတွေ တဖြည်းဖြည်း နီစွေးလာပြီး ဘာလုပ်လို့ဘာကိုင်ရမလဲမသိစွာနဲ့ ကြမ်းပြင်ကိုပဲ စိုက်ကြည့်နေမိတော့သည်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now