Chapter //8//

13.2K 2.1K 52
                                    

အပိုင်း (၈) ကျောင်းအိပ်ဆောင်

ကိုယ်တိုင်ယူစနစ်နဲ့ ကန်တင်းက ကျယ်ဝန်းတယ်ဆိုပေမယ့် အဲဒီမှာက စားပွဲခင်းတွေ ခင်းကျင်းထားတဲ့ လေးထောင့်စားပွဲတွေသာ ရှိတာမို့ အောက်ထပ်က စားပွဲရှည်တွေနဲ့ ယှဉ်လိုက်ရင်း နေရာထိုင်ခင်းက အများကြီး ပိုနည်းတယ်။

တူကူးအန့်က ပြတင်းပေါက်နားက စားပွဲတစ်လုံးမှာ နေရာယူထားပြီး ဖြစ်သလို စားသောက်စရာတွေလည်း အများကြီး ယူထားလိုက်သေးတယ်။

ယွီထန်က စုန့်ရှောင်းကို နေရာဦးထားတဲ့ စားပွဲရှိရာဆီ ခေါ်သွားလိုက်ပြီး စားပွဲပေါ်က စားစရာတွေကို တစ်ချက် ကြည့်ခိုင်းလိုက်တယ်။

"မင်း တခြားစားချင်တာရှိရင် ကိုယ့်ဘာသာ သွားယူလို့ရတယ်။"

တူကူးအန့်က ဒီနေရာကို ဘယ်လိုအမြန်နှုန်းနဲ့ လာခဲ့သလဲ မသိရပေမယ့် သူက ဒီကို ပထမဆုံး ရောက်တဲ့သူဆိုတာတော့ သေချာတယ်။ ဘာလို့လဲဆိုတော့ သူက စနစ်တကျ အလှဆင်ထားတဲ့ ဟင်းပွဲတွေချည်း ယူထားတာရယ်.... ရွှေဝါရောင်သန်းနေတဲ့ ပုစွန်ကြော်လေးတွေကို မုန်လာပွင့်လေးတွေနဲ့ မွန်းမံထားသလို ကြက်တောင်ပံနှပ်ကလည်း နံနံပင်လေးတွေ ဖြူးထားတာမို့ အတော့်ကို မျက်စိပသာဒ ရှိလှပြီး တခြားကျောင်းသားတွေရဲ့ သောင်းပြောင်းထွေလာ ရောထည့်ထားတဲ့ ပန်းကန်တွေနဲ့ ယှဉ်ရင် အပုံကြီး ကွာခြားကာ စားချင်စဖွယ် ဖြစ်လှတယ်။

စားပွဲပေါ် ရောက်နှင့်ပြီးသား ဟင်းပွဲတွေက ပြည့်စုံနေပြီမို့ စုန့်ရှောင်းက အသီးအနှံတစ်ချို့ပဲ ယူဖို့ ထ,သွားလိုက်တယ်။

၂၁ရာစုမှာ စုန့်ရှောင်းအတွက် ကျေနပ်စရာ အကောင်းဆုံးကတော့ သစ်သီးမျိုးစုံကို ကြိုက်သလောက် စားသုံးနိုင်တာပဲ။ ယွီအင်ပါယာမှာတုန်းကဆိုရင် အသီးအနှံတွေကို ခဏခဏ မစားနိုင်ခဲ့ဘူး။ သူ ဧကရီအဖြစ် တင်မြှောက်ခံရပြီးနောက်ပိုင်းမှာတောင် ရာသီဥတုနဲ့ လက်ဆောင်ပဏ္ဏာတွေ လာရောက်‌ဆက်သ,ကြတာပေါ် မူတည်ပြီး စားရတာ။ များသောအားဖြင့် ဥတုတစ်ခုစီမှာ ရာသီပေါ်သီးနှံက နည်းနည်းပဲ ရှိတာမို့ ရာသီမရွေး ကိုယ်အလိုရှိသလောက် ဝယ်စားနိုင်တဲ့ အခုခေတ်နဲ့ တခြားစီပဲ။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now