Chapter //40//

9.8K 1.6K 56
                                    

UNICODE

အခန်း (၄၀) မဟာဗျူဟာ

စုန့်ရှောင်းက ချောင်းဟန့်လိုက်ပြီး သူ့မေးကို ပြန်ဆွဲလိုက်ကာ မတ်မတ်ထိုင်ဖို့ လုပ်လိုက်ပေမယ့် ယွီထန်က သူ့ကို ပြန်ဆွဲချလိုက်တယ်။ သူက အစတုန်းက ဒူးထောက်ထိုင်နေတာ ဖြစ်ပေမယ့် အခု ဆွဲချခံလိုက်ရတာကြောင့် ယွီထန်ရဲ့ ကိုယ်ပေါ်ကို ပြုတ်ကျသွားတော့တယ်။

"သူမကို ဖြေရှင်းဖို့ ဒီအခြေအနေတစ်ခုလုံးကို သေချာ အကွက်ချခဲ့တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ရေနွေးမှောက်တဲ့ကိစ္စကတော့ ငါ့စနက် ပါတယ်။"

ယွီထန်က 'ထိတွေ့'ရတာကို စွဲလမ်းနေပုံပေါ်တယ်။ စုန့်ရှောင်းရဲ့ ဖြူအုအု မေးစေ့လေးအောက်မှာ လက်ချောင်းတစ်ချောင်းကို ကွေးထားလိုက်ပြီး သူ့လက်မ,လေးကတော့ အရောင်နုနု နှုတ်ခမ်းလွှာလေးတွေကို ဖြည်းဖြည်းချင်း ပွတ်သပ်နေခဲ့တယ်။

အရောင်နုနု နှုတ်ခမ်းလေးတစ်စုံက အနီရောင်ပြောင်းလာတာကို မြင်လိုက်ရတော့မှသာ ယွီထန်က တဖြည်းဖြည်း တိုးကပ်သွားလိုက်တယ်။

စုန့်ရှောင်းကလည်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နဲ့ နီးကပ်လာနေတဲ့ ခန့်ညားချောမောတဲ့ မျက်နှာတော်ကို ကြည့်နေမိတယ်။

"အဲဒီ... လုံခြုံရေးကင်မရာ...."

"ကိုယ်တော်က မိုက်ကမ်းကမ်းပြုမူတတ်တဲ့ အရူးတစ်ကောင် မဟုတ်ဘူးလေကွာ...."

ယွီထန်က စကားပြောနေရင်း စုန့်ရှောင်းရဲ့ နှုတ်ခမ်းလေးကို ပွတ်သပ်လိုက်ပြန်တယ်။ ပြီးတော့မှ မချုပ်တည်းနိုင်တော့ပဲ နှုတ်ခမ်းချင်း ထိကပ်ထားလိုက်မိတော့တယ်။ စုန့်ရှောင်းလည်းပဲ သူ အရင်က မှန်းဆ,ထားတာထက် ပိုပြီး သူ့ကို သဘောကျကြောင်း သိလိုက်ရတာကြောင့် ဒီရက်ပိုင်းအတွင်းမှာ အရမ်းအရမ်းကို ဝမ်းသာပီတိ ဂွမ်းဆီထိနေခဲ့တာ ဖြစ်ပြီး စုန့်ရှောင်းနဲ့ ပိုလို့ပိုလို့ နီးကပ်လာချင်နေမိတာ ဖြစ်တယ်။

ဒီအနမ်းလေးက ပေါ့ပါးချိုမြိန်တဲ့ အကြင်နာအနမ်းလေးတစ်ပွင့် ဖြစ်ပြီး တစ်ချက်ထိပြီးတာနဲ့ ပြန်ခွာလိုက်ကြတယ်။ ဧကရာဇ်အရှင်ရဲ့ ဝမ်းသာပီတိအဟုန်ကို စုန့်ရှောင်းလည်းပဲ အာရုံခံသိရှိနေရတာကြောင့် သူလည်းပဲ တစ်ဖက်လူနဲ့ ထပ်တူ မျက်ဝန်းလေးတွေ ကွေးညွတ်သွားမိလေတော့တယ်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now