Chapter //39//

9.1K 1.6K 35
                                    

UNICODE

အခန်း (၃၉) ကလဲ့စား

ကျောင်းသူလေးအတော်များများက အနှီကောင်လေးချောချောကို စကားလှမ်းပြောလိုက်တဲ့ စုန့်ကျန်းကို မြင်လိုက်ကြပြီး သူမတို့ရဲ့ စိတ်အာရုံက ချက်ချင်းလက်ငင်းကို ဆွဲဆောင်ခံလိုက်ရတယ်။

စုန့်ရှောင်းက စုန့်ကျန်းကို ကြည့်လိုက်ပြီး ခပ်ဖွဖွ မျက်မှောင်ကြုံ့မိသွားတယ်။ အမျိုးသားကောင်းတစ်ယောက်ရဲ့ ကျင့်ဝတ်စည်းကမ်းကို ထိန်းသိမ်းလိုက်နာတဲ့အနေနဲ့ သူက အလယ်တန်းကျောင်းသူမိန်းကလေးတွေက လုံးဝကို ကြည့်မနေခဲ့ပေ။ အခုမှသာ ဒီကျောင်းသူအုပ်စုထဲ စုန့်ကျန်းလည်း ပါတာကို သူသိလိုက်ရတာ ဖြစ်တယ်။

"ငါ မင်းကို မမြင်လိုက်ပါဘူး။"

စုန့်ရှောင်းက တဲ့တိုးပဲ ပြန်ပြောလိုက်တယ်။

"ဖွီးးး..."

ကျောင်းသူလေးအနည်းငယ်ကတော့ ရယ်ချလိုက်မိလေပြီ။ 

နင်က သင့်မြတ်ရင်းနှီးချင်ယောင် ဆောင်လိုက်ပေမယ့်လို့ တစ်ဖက်လူကတော့ နင်နဲ့ လုံးဝလုံးဝကို ရင်းနှီးမနေပါဘူးတဲ့လေ။

စုန့်ကျန်းတစ်ယောက် အခိုက်အတန့်တစ်ခုစာလောက် မရှူနိုင်မကယ်နိုင် ဖြစ်သွားရလေတော့တယ်။ အစတုန်းက သူမ ထင်ခဲ့တာက ဒီလိုအခြေအနေမျိုးမှာဆိုရင်တော့ စုန့်ရှောင်းက အနည်းဆုံးတော့ သူမကို တစ်ခုခု ပြန်ပြောမှာပါလေလို့... တကယ့်တကယ် သူ ပြောခဲ့ပြန်လိုက်ပြန်တော့လည်း ဒီလိုစကားမျိုးဖြစ်နေလိမ့်မယ်လို့တော့ သူမ ဘယ်တုန်းကမှ မထင်ထားခဲ့မိပေ။ 

ဒင်းက ဘယ်လိုလုပ် သူမကို မမြင်လိုက်တာလဲ?

"ဒီဘွိုင်လာမှာ ကတ်ဖတ်တဲ့စနစ်ကို ထည့်သွင်းထားတယ်။ မင်းတို့အနေနဲ့ သောက်ရေထုတ်ချင်တယ်ဆို မင်းတို့ရဲ့ ထမင်းစားကတ်ကို ကတ်ဖြတ်လိုက်ရုံပဲ။ လောလောဆယ်တော့ ရှန့်မန်ရဲ့ ဘက်စုံသုံးကတ်စနစ်က စီစဉ်နေတုန်းပဲ ရှိသေးတယ်။ မင်းတို့အားလုံး အထက်တန်းကျောင်း စတက်ရမယ့် အချိန်လောက်ဆိုရင်တော့ ထမင်းစားကတ်၊ သောက်ရေကတ်၊ စာကြည့်တိုက်ကတ်နဲ့ ကျောင်းဝင်ခွင့်ကတ်တွေ အားလုံးကို ကတ်တစ်ကဒ်တည်းမှာ အကုန်ပေါင်းထားပြီးသား ဖြစ်နေလိမ့်မယ်။"

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now