Chapter //57//

8.9K 1.3K 61
                                    

UNICODE

အခန်း (၅၇) နှလုံးသားချင်း ထပ်တူကျခြင်း

မင်း သေသွားတော့ ငါလည်း အသက်ဆက်မရှင်ချင်တော့တာ... ... ငါက သဘောကျတယ်ဆိုတာကြောင့်နဲ့ပဲ ဘယ်လိုလုပ် ကိုယ်လည်ပင်းကိုယ် ဖြတ်ပစ်နိုင်မှာလဲ... ...

ယွီထန်က ကြောင်အမှင်သက်စွာနဲ့ စုန့်ရှောင်းကို ငေးကြည့်နေမိတယ်။ ဒီစကားနှစ်ခွန်းက သူ့နှလုံးသားထဲဝယ် ထပ်ခါထပ်ခါ ပဲ့တင်ထပ်နေလေတယ်။ ဆက်စပ်စဉ်းစားကြည့်လိုက်ရင် ဒီအဓိပ္ပာယ်က 'ငါ အစောကြီးတည်းက မင်းကို သဘောမကျတော့ဘူး။ ငါက မင်းကို ချစ်နေတာလေ... မင်းသေသွားပြီးတော့ ငါတစ်ယောက်တည်း ဆက်ပြီး အသက်မရှင်နိုင်လောက်တော့တဲ့အထိ မင်းကို ချစ်တာ' ဟူ၍ပင်။

ဘယ်လိုလုပ်ပြီး ဒီလိုမျိုး? ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?

ယုံကြည်လိုက်ဖို့ရာ မဝံ့မရဲ ဖြစ်နေဆဲ ယွီထန်က စုန့်ရှောင်းကို သူ့ဘက် ဆွဲခေါ်လိုက်တယ်။ စုန့်ရှောင်းရဲ့ ပုခုံးတွေကို တင်းတင်းဆုပ်ထားရင်း အက်ရှစွာနဲ့ ပြောလာခဲ့တယ်။

"ကျွင်းကျူ... မင်း နောက်တစ်ခေါက်လောက် ထပ်ပြောပါအုံး။"

စုန့်ရှောင်းက နှုတ်ခမ်းတွေကို စုဝိုင်းလိုက်ပြီး ခေါင်းငုံ့ချလိုက်ကာ စိတ်မရှည်လက်မရှည်ဖြစ်နေသလိုမျိုး ပြောလာခဲ့တယ်။

"ငါ တစ်ကြိမ်ပဲ ပြောမှာ... သေချာ မကြားလိုက်ရဘူးဆိုလည်း ထားလိုက်တော့။"

အခန်းလေးက အချိန်အတန်ကြာ တိတ်ဆိတ်ခြင်းနယ်ပယ်ထဲ နစ်မြုပ်သွားခဲ့တယ်။ ယွီထန်က စုန့်ရှောင်းကို ရင်ခွင်ထဲ ခပ်တင်းတင်းလေး ပွေ့ဖက်ထားခဲ့သည်မှာ သူ့ကိုယ်ထဲအထိ ပျော်ဝင်သွားစေချင်နေသကဲ့သို့ပင်။ အရာအားလုံးက အရမ်းကို ရုတ်တရက် ဆန်လွန်းနေခဲ့တယ်။ ဒီလို နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာကို ရရှိပိုင်ဆိုင်နိုင်ဖို့အတွက် အချိန်အကြာကြီး ကြိုးစားနေရအုံးမယ်လို့ သူ ထင်ထားခဲ့ခြင်းပင်။ သူလိုချင်နေတဲ့ ဒီအချစ်ကို ကုန်လွန်သွားပြီ ဖြစ်တဲ့ ဟိုးအရင်အချိန်တွေကတည်းက ရရှိနေခဲ့ပြီးသား ဖြစ်နေလိမ့်မယ်လို့တော့ ဘယ်တုန်းကမှ စိတ်တောင်မကူးခဲ့မိပေ။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now