Chapter //28//

9.7K 1.8K 81
                                    

UNICODE

အခန်း (၂၈) မတရားခံရခြင်း

စုန့်ဇီချန်က ချိုးမင်ယန့်နဲ့ တစ်ညလုံး ရန်ဖြစ်နေခဲ့တယ်။ စုန့်ရှောင်းကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိတ်ဆိတ်စွာ နေနိုင်ဖို့ရာ အိမ်အောက်ထပ်ကို ဆင်းမသွားခဲ့ပေ။ ဖက်ထုပ်လုံးတွေ စားပြီးသွားတော့ စာဖတ်နေရင်း အိပ်ပျော်သွားတော့တယ်။

နောက်တစ်နေ့မနက်မှာတော့ စုန့်ရှောင်းက စုန့်ကျန်းရဲ့ သူ့အခန်းတံခါးကို လာခေါက်တဲ့ အသံကြောင့် နိုးသွားရတယ်။

"ကောရေ... မနက်စာစားဖို့ အောက်ထပ်ဆင်းလာခဲ့တော့နော်..။"

'ကော'လို့ အခေါ်ခံလိုက်ရတာက စုန့်ရှောင်းကို ကြက်သီးတွေတောင် တဖြန်းဖြန် ထ,သွားစေတယ်။ ဧည့်သည်တွေကို မသပ်မရပ် ပုံပန်းသွင်ပြင်နဲ့ တွေ့ဆုံဖို့ မသင့်လျော်တာကြောင့် စုန့်ကျန်းကို လျစ်လျူရှုထားလိုက်ပြီး ရေချိုးဖို့ ရေချိုးခန်းထဲကိုသာ ထ,သွားလိုက်တယ်။ အရင်ဆုံး မျက်နှာသစ်၊ သွားတိုက်လိုက်ပြီး အခန်းတံခါးကို သွားဖွင့်ကြည့်လိုက်တော့ မထင်မှတ်ထားစွာပဲ အခန်းတံခါးအပြင်ဘက်မှာ ရပ်စောင့်နေဆဲ စုန့်ကျန်းကို တွေ့လိုက်ရတယ်။

"ဖေဖေနဲ့ မေမေက ခုထိ မပြေလည်ကြသေးဘူး။ ညီမလေး အန်တီချန်ကို မနက်စာ ပြင်ထားခိုင်းပြီးပြီ။ အာ့ကြောင့် မြန်မြန်လေး အောက်ဆင်းပြီး စားကြရအောင်...။"

စုန့်ကျန်းက မျက်နှာချိုသွေးရင်း ဖော်လံဖားလို့ စကားဆိုလာခဲ့တယ်။ အခုအချိန်မှာ သူမတို့ သားအမိနှစ်ယောက် ဒီအိမ်က မောင်းထုတ်ခံရလို့ မဖြစ်သေးဘူး။ မနေ့ညက တစ်ညလုံး စဉ်းစားပြီးနောက်မှာတော့ သူမ စဉ်းစားမိတဲ့ တစ်ဦးတည်းသော မဟာမိတ်က စုန့်ရှောင်းပဲ။

စုန့်ရှောင်းက တစ်မျိုးတစ်ဖုံ သဘောကျသွားမိသလို ခံစားလိုက်ရတယ်။ 

အခု သူမက တရားဝင်သားဖြစ်တဲ့ သူမရဲ့ အစ်ကိုကို ရိုသေလေးစားရမယ်မှန်း သိသွားတာလား?

စုန့်ရှောင်း ခေါင်းငုံ့ပြီး သူ့ရဲ့ လက်ပတ်နာရီကို ကြည့်လိုက်တယ်။ 

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now