Chapter //3//

14.1K 2.3K 207
                                    

UNICODE

အခန်း (၃) ကိုယ်လုပ်တော်

အေဂျင်စီကနေ ငွေအမြောက်အများ ရင်းနှီးမြှုပ်နှံထားတဲ့ 'ကမ္ဘာ့အဆုံးက တည်းခိုဆောင်ငယ်'အမည်ရ ဇာတ်ကားမိတ်ဆက်ပွဲကို ဒီနေ့မှာ ကျင်းပခဲ့တာဖြစ်တယ်။ အဓိက အမျိုးသမီးဇာတ်ဆောင်ဖြစ်တဲ့ ချိုးမင်ယန့်က စုန့်ဇီချန်ရဲ့ အတန်ကြာတွဲခဲ့တဲ့ ရည်းစားသညာတစ်ယောက်ဖြစ်တဲ့အတွက် သူ့အနေနဲ့ သူမကို ပေါ်ပေါ်ထင်ထင်တစ်မျိုး ပုန်းလျှိုးကွယ်လျှိုးတစ်ဖုံ ရက်ရက်ရောရော ချီးမြှောက်ပေးရတော့တယ်။

ဒါပေမယ့် ဒီနေ့က စုန့်ရှောင်းဆေးရုံဆင်းမယ့်ရက်ဆိုတာကို သူ့ရဲ့ လက်ထောက်ကနေ သတိပေးလာခဲ့ချိန်မှာတော့ စုန့်ဇီချန်တစ်ယောက် အနည်းငယ် ကသိသအောက် ခံစားလိုက်ရတယ်။ ဒီကလေးဟာ ငယ်စဉ်ကတည်းက တစ်ကိုယ်တည်း အထီးကျန်ကျန် နေတတ်သူဖြစ်ပြီး ယုတ်စွအဆုံး ရယ်ခြင်းငိုခြင်းပင် မရှိခဲ့ပေ။ ဆရာဝန်ပြောပုံအရဆို သူက မပြင်းထန်တဲ့ အော်တစ်ဇင် ဝေဒနာကြောင့် ခံစားချက်တွေကို ဖွင့်ထုတ်ပြနိုင်စွမ်း မရှိတာတဲ့။

အနုပညာအေဂျင်စီတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ စုန့်ဇီချန်အနေနဲ့ လူအများရှေ့မှာ မကြာခဏ လူလုံးထွက်ပြရလေ့ ရှိတယ်။ သူ့သားက ချို့ယွင်းချက်ရှိတဲ့ ကလေးတစ်ယောက်ဖြစ်ကြောင်းကို တခြားသူတွေကို မသိစေချင်တဲ့အတွက် သူက စုန့်ရှောင်းကို သာမန်ကလေးတစ်ယောက်လိုပဲ မွေးမြူစေခဲ့ပြီး အထူးကျောင်း*တစ်ကျောင်းကိုတောင် တက်ရောက်စေခဲ့ခြင်း မရှိခဲ့ပေ။

*အထူးကျောင်း = မသန်စွမ်းသူများ၊ စိတ်ပိုင်းဆိုင်ရာပြသနာရှိသူများ တက်ရောက်ရသော ကျောင်း

တကယ်လို့ သူသာ ဇာတ်ကားမိတ်ဆက်ပွဲကို လျစ်လျူရှုပြီး သူ့သားကို သွားကြိုခဲ့မယ်ဆိုရင် ဒါက ပါပါရာဇီတွေကို ဆွဲဆောင်ဖို့ အခွင့်ကောင်းကြီးလို ဖြစ်သွားမှာ။ စုန့်ရှောင်းက အတိတ်မေ့သွားတယ်ဆိုတာ သူကြားထားပြီးပြီ။ ဒီကလေးက အရင်ကထက်တောင် ပိုပြီး ထူးဆန်းသွားနိုင်တယ်လေ။ ဒါကိုသာ မီဒီယာတွေဆီ ထုတ်ဖော်ခံလိုက်ရရင် သူတော့ သွားပြီပဲ။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now