Chapter //85//

5.9K 1.2K 51
                                    

UNICODE

အခန်း (၈၅) အန္တရာယ်

ဧကရာဇ်ကျင်းယွမ်ဟာ ဆယ်ကျော်သက်အရွယ်ကတည်းက စစ်မြေပြင်ထက် ခြေချခဲ့သူဖြစ်တယ်။ မြင်းကျောပေါ်ထက်မှာ ထိုင်ရင်း ရန်သူတွေကို သတ်ဖြတ်ခဲ့ပြီး ထီးသိမ်းနန်းတက်ဖို့ရာအတွက် မြင်းပေါ်မှ ပြန်ဆင်းခဲ့တယ်။ ယွီမျိုးနွယ်စုဝင်တွေက မြင်းကျောပေါ်ထက်မှာထိုင်ပြီး လောကတစ်ခွင် သိမ်းပိုက်စိုးမိုးခဲ့တယ်။ ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ လှံတံသိုင်းအတတ်ကိုတော့ မျိုးဆက်တိုင်းက ဧကရာဇ်အရှင်တွေအနေနဲ့ မသင်မဖြစ် သင်ယူတတ်မြောက်ထားကြတယ်။

ယွီထန်က ဘေ့စ်ဘောရိုက်တံတစ်လက်ကို ငွေသွားလှံတံတစ်လက်အလား အသုံးပြုလိုက်တယ်။ ခြေဖျားထောက်လို့ ရှေ့ကို တဟုန်ထိုးပြေးသွားလိုက်ပြီး သူရှိရာကို ဦးတည်လာနေတဲ့ မျက်နှာဖုံးတပ်လူကို ခေါင်းတည့်တည့် တစ်ချက်ကျွေးထည့်လိုက်တယ်။ အဲဒီလူခမျာ ချက်ချင်းဆိုသလို မျက်နှာနဲ့မြေကြီး မိတ်ဆက်သွားပြီး ပြန်မထနိုင်တော့ပေ။ မြေပေါ်ခြေပြန်ချပြီးတာနဲ့ ကိုယ်ကိုလှိမ့်ချလိုက်ပြီး သေနတ်သမားတစ်ယောက်ထံက သေနတ်ပစ်ချက်တစ်ချက်ကို ရှောင်ရှားလိုက်တယ်။ အဲဒီလူရဲ့ ခြေတစ်ဖက်အောက်ကို ခြေကလိမ်ချိတ်လိုက်ကာ လည်ပင်းနေရာကို တံတောင်နဲ့ ဆတ်ခနဲ ထိုးတွတ်ထည့်လိုက်တယ်။

သက်တော်စောင့်နှစ်ယောက်ကလည်း ကားပေါ်က ဆင်းလာကြကာ အနက်ရောင်ဝတ်လူတစ်စုနဲ့ စတင်တိုက်ခိုက်ကြတော့တယ်။ သက်တော်စောင့်တစ်ယောက်က တစ်ချီတည်းနဲ့ လူနှစ်ယောက်ကို ထိုးသိပ်နိုင်ပြီး အရမ်းကို မိုက်နေတော့တယ်။

"သေစမ်း!"

အခြေအနေတွေက အဆိုးဘက်ကို တစ်ပတ်လည်ဦးတည်သွားတာကို မြင်လိုက်ရပြီး အဝေးပြေးလမ်းမပေါ်မှာဖြစ်တဲ့အလျောက် အချိန်မရွေး တခြားလူတွေလည်း ရောက်လာနိုင်တာမို့ အမာရွတ်မျက်နှာက စိတ်အေးအေးမထားနိုင်တော့ပဲ သေနတ်ကို ဆွဲထုတ်ပြီး ယွီထန်ကို ပစ်သတ်ဖို့လုပ်တော့တယ်။

"ခင်ဗျား ပစ်လို့မရဘူး။ သူက ကျွန်တော့်ထက် ပိုက်ဆံအများကြီးပိုတန်တယ်ဗျ။"

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now