Chapter //5//

13.1K 2.3K 48
                                    

အခန်း (၅) ထိုင်ခုံဖော်

စစချင်းတော့ စုန့်ရှောင်း ဘာကို ဆိုလိုချင်လဲဆိုတာ ချိုးမင်ယန့် နားမလည်ခဲ့ပေ။ သူမက ကြောင်တိကြောင်တောင်နဲ့ သူ့ကို ငါးစက္ကန့်လောက် ကြည့်နေမိပြီးမှ တုန့်ပြန်လာနိုင်ခဲ့ပြီး သူမရဲ့ တစ်ကိုယ်လုံး ဒေါသကြောင့် တဆတ်ဆတ် တုန်ရီနေခဲ့တယ်။

"စုန့်ရှောင်း! နင် ဘာကို ဆိုလိုတာလဲ!? နင်က ငါ့မေမေကို အိမ်အကူလို့ ခေါ်လိုက်တာလား?" 

ဘေးမှာ ထိုင်နေတဲ့ စုန့်ကျန်းက ရုတ်တရက် သူ့ကို အော်ဟစ်ပြောဆိုလာခဲ့တယ်။

စုန့်ဇီချန်ကတော့ သူ့မျက်နှာပေါ်မှာ ဘယ်လိုအမူအရာမျိုး ဆင်မြန်းထားရမလဲဆိုတာတောင် မသိတော့ချေ။ သူ့သားရဲ့ မောက်မာပြီး သခင်စရိုက်ဆန်တဲ့ အပြုအမူလေးတွေက ရယ်စရာကောင်းတယ်လို့ ခံစားရပေမယ့် တစ်ဖက်ကစဉ်းစားကြည့်ရင်း စုန့်ရှောင်းရဲ့ စကားတွေက အနည်းငယ် လွန်ကြူးလာပြီ ဖြစ်တယ်။

ဒါကြောင့် သူက ဒီအခြေအနေကို အနည်းငယ် ဖြေလျှော့ဖို့ ကြိုးပမ်းလာခဲ့တယ်။

"ရှောင်းရှောင်း... သား စကားကို အဲလို ပြောလို့ မရဘူးလေ! မင်ယန်း... မင်းလည်း ဒီကလေးပြောတဲ့ စကားနဲ့ ပတ်သက်လို့ ဘာမှ ဆူပူငြင်းခုံမနေနဲ့တော့။ သူက အတိတ်မေ့နေတာ။ ထိုင်ချပြီး ညစာစားတော့။"

"ရှောင်းရှောင်း... သား အန်တီ့ကို သိပ်သဘောမကျဘူးဆိုတာ အန်တီသိပါတယ်။ ဒါပေမယ့် သားက အသက်ဆယ့်ငါးနှစ်တောင် ပြည့်ပြီးပြီလေ။ ဒီလိုကြီးပဲ ပြုမူနေလို့ မရ..." 

ချိုးမင်ယန့်က ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပြီး နှစ်ချက်လောက် အသက်ပြင်းပြင်းရှူလိုက်ပေမယ့် တစ်ခုခု မပြောပဲ မနေနိုင်တော့ပေ။ သူမက စကားပြောနေရင်း မျက်ရည်တွေ စီးကျလာခဲ့တယ်။

ထမင်းစားပွဲမှာ သူမ နေရာယူလိုက်တာကို ကြည့်ရင်း စုန့်ရှောင်း ပိုပြီး မျက်မှောင်ကြုံ့မိသွားတယ်။ သူက စုန့်ဇီချန်ဘက် လှည့်လိုက်ပြီး : 

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now