Chapter //75//

6.7K 1.2K 20
                                    

UNICODE

အခန်း (၇၅) အရက်ဘား

လော့မြို့ကနေ ပြန်သွားမယ်ဆို ကားမောင်းသွားရင်တောင် နာရီအနည်းငယ်လောက် ကြာမှာ ဖြစ်တယ်။ စုန့်ရှောင်းက နာရီဝက်လို့ ပြောလိုက်တာ အမှန်တော့ နှုတ်ကထွက်ရာ ပေါက်ကရပြောလိုက်တာပင်။ သူက ဖုန်းလည်းချလိုက်ပြီးရော အလုပ်ပဲ ဆက်လုပ်နေခဲ့တယ်။

ယွီထန်က ရောက်လာပြီး သူ့ခေါင်းလေးကို ပွတ်သပ်လိုက်တယ်။

"အဲ့မိန်းကလေး မင်းကို ရှာနေပြန်ပြီလား?"

စုန့်ရှောင်းက နှုတ်ခမ်းလွှာတို့ကို တွန့်ကွေးလိုက်တယ်။

သူ့ကိုများ ပိုက်ဆံလာရှင်းခိုင်းတယ်ပေါ့လေ? သူ့ကို လာပြီး သိုက်တူးချင်နေတာလား?

ပိုင်ချင်က ဆူဆူညံညံ ဘားတစ်ခုအတွင်းမှာ ရှိနေပြီး ဘေးမှာရှိတဲ့ Bartenderနဲ့ ကိစ္စဝိစ္စတွေ စီစဉ်နေတယ်။

"ခဏနေရင် ရှင် ကျွန်မနဲ့ ပူးပေါင်းပေးရမယ်နော်။ အဲဒီဧည့်သည်ကိုပြောလိုက်... ကျွန်မသောက်တာများပြီး မူးသွားပြီလို့။ ပြီးရင် ကျွန်မကို ခေါ်သွားဖို့ အကြံပေးလိုက်။"

ပြောနေရင်းနဲ့ပဲ Bartenderကို ငွေနည်းနည်း ပေးလိုက်တယ်။

Bartenderကလည်း ငွေယူလိုက်ပြီး လေတစ်ချက်ချွန်လိုက်တယ်။

"ခင်ဗျား အရက်နည်းနည်းသောက်ထားလိုက်ရင် အကောင်းဆုံးပဲ။ မဟုတ်ရင် အလိမ်ပေါ်သွားဦးမယ်။"

ပိုင်ချင်က Bartender ကမ်းပေးလာတဲ့ ယမကာခွက်ကို ယူလိုက်ပြီး လက်ထဲကိုင်ယမ်းနေပြီးမှ အံကြိတ်ပြီး သောက်ချလိုက်တယ်။ ပြင်းရှရှ အရက်က သူမရဲ့ လည်ချောင်းတစ်လျှောက် လောင်ကျွမ်းသွားကာ သူမခမျာ မျက်ရည်တောင်ထွက်တဲ့အထိ သီးသွားရတယ်။

တကယ်တော့ သူမက အနုပညာကျောင်းတစ်ကျောင်းက ကျောင်းသူတစ်ယောက် ဖြစ်ပြီး သူမရဲ့ ဒေါ်လေးကတော့ နာမည်ကြီးအနုပညာရှင်တစ်ယောက် ဖြစ်ကာ သူမသာ အနုပညာဖန်တီးမှုဆိုင်ရာ ကျောင်းတစ်ကျောင်းကို ဝင်ခွင့်ရရင် သူမအတွက် အဘက်ဘက်ကနေ အရင်းအနှီးနဲ့ အရင်းအမြစ်တွေ စီစဉ်ပေးမယ်လို့ ကတိပေးထားခဲ့တယ်။ ကံဆိုးစွာပဲ အဲဒီဒေါ်လေးက လွန်ခဲ့တဲ့နှစ်နှစ်တုန်းက အသက်မွေးဝမ်းကြောင်းနယ်ပယ်မှာ ပိတ်ပင်ခံလိုက်ရပြီး ကုမ္ပဏီနဲ့လည်း လက်တွဲဖြုတ်ခံလိုက်ရတယ်။ ပိုင်ချင်လည်း ရုပ်ရှင်ကောလိပ်တစ်ခုကို ဝင်ခွင့်ရခဲ့သော်လည်း သူမက ယဉ်ကျေးသိမ်မွေ့ပြီး လှပတဲ့ ရုပ်ရည်သွင်ပြင်ရှိပေမဲ့ ခန့်ညားတဲ့ ယောက်ျားလေးတွေ၊ လှပတဲ့ မိန်းကလေးတွေနဲ့ ပြည့်နှက်နေတဲ့ ကောလိပ်အတွင်းမှာတော့ ဘာမှဟုတ်မနေခဲ့ပေ။ ပြင်ပအရင်းအမြစ်အထောက်အပံ့တွေ မရှိပဲ ထင်ပေါ်ကျော်ကြားဖို့ဆိုတာမျိုးက အတော်လေး ခက်ခဲလှတယ်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now