Chapter //111//

6.4K 1.1K 44
                                    

UNICODE

အခန်း (၁၁၁) လက်စွပ်

ဇာတ်လမ်းတွဲ၏ ပထမဆုံးအပိုင်းကို စတင်ပြသလေပြီ။ မင်းညီမင်းသားဝတ်ရုံကို ဆင်မြန်းထားသည့် မုချန်က တော်ဝင်စာကြည့်ဆောင်ရှေ့၌ ဒူးထောက်နေ၏။ အပြင်ဘက်၌ ဆီးနှင်းများ သည်းထန်စွာ ကျဆင်းနေပြီး ရာသီဥတုက အသည်းခိုက်မတတ် အေးစိမ့်လွန်းသည်။ သူ့နံဘေး၌ မိန်းမစိုးတစ်ဦးက ထီးမိုးပေးလျက် အဖော်ပြုပေးနေရင်း တစ်စုံတစ်ရာ လျှောက်တင်လိုပါသော်ငြား မဝံ့ရဲသည့်ပုံစံနှင့် ဖြစ်နေ၏။

တော်ဝင်စာကြည့်ဆောင်အတွင်း၌ မိန်းမစိုးအိုကြီးက သဝဏ်လွှာများ စိစစ်ဖတ်ကြားနေသည့် ဧကရာဇ်အရှင်အား လျှောက်တင်လိုက်သည်။

"သတ္တမမင်းသား အပြင်မှာ ဒူးထောက်နေတာ နှစ်ရှီချန်*ကြာသွားပါပြီ။ အရှင်မင်းကြီး၊ အရှင်ထွက်ကြည့်......"

*နှစ်ရှီချန် - လေးနာရီ

"ဟမ့်!"

ဧကရာဇ်အရှင်က စိတ်ဆိုးမာန်ဆိုးဖြင့် လက်ထဲမှ မင်နီနှစ်ထားသည့်စုတ်တံ*ကို ပစ်ထုတ်လိုက်သည်။

*မင်နီနှစ်ထားသည့်စုတ်တံ 朱笔 - သဝဏ်လွှာတွေမှာ မှတ်ချက်တွေရေးဖို့သုံးပါတယ်။ အခုခေတ်အသုံးအနှုန်းနဲ့ဆိုရင်တော့ အဖြေလွှာတွေ အမှတ်ခြစ်ရာမှာသုံးတဲ့ မင်နီဘောပင်ပါ။

"ဒူးထောက်ချင်သပဆိုလည်း ဒူးပေးထောက်ထားလိုက်။ တစ်ယောက်ပြီးတစ်ယောက် ငါကိုယ်တော်မြတ်ကို ဖိအားလာပေးနေကြတာပဲ!"

မိန်းမစိုးအိုကြီးလည်း တိတ်တဆိတ် နောက်ဆုတ်သွားရုံသာ တတ်နိုင်တော့သည်။ ‌အေးခဲတောင့်နေပြီဖြစ်သည့် သတ္တမမင်းသား၏ ပုခုံးထက်သို့ မြေခွေးသားမွေးဝတ်ရုံခြုံလွှမ်းပေးလိုက်၏။

"အရှင့်သား၊ အရှင့်သား ပြန်သွားလိုက်ပါတော့လားဘုရား။ တော်ဝင်အမိန့်ပြန်တမ်းက ထုတ်ပြန်ပြီးသွားပြီမို့ ပြန်ရုတ်သိမ်းလို့ မရတော့ကြောင်းပါ။"

မုချန်က ခေါင်းမော့လာကာ မျက်ဝန်းအစုံက ကြက်သွေးရောင်လွှမ်းလျက် တော်ဝင်စာကြည့်ဆောင်အတွင်းသို့ ကြည်လင်ရှင်းလင်းသည့် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now