Chapter //25//

10.6K 1.7K 65
                                    

UNICODE

အခန်း (၂၅) လျှို့ဝှက်အကြံအစည်

စုန့်ရှောင်း မသိစိတ်ရဲ့ စေ့ဆော်မှုအရ အလိုအလျောက်ပဲ သူမကို ရှောင်တိမ်းလိုက်တယ်။ စုန့်ရှောင်းက သူမကို သေချာပေါက် ဝင်မတိုက်မိတာတောင်မှ အဲဒီအမျိုးသမီးက သူ့ဘက်ကို ယိုင်ကျလာခဲ့တယ်။

ဖြတ်ခနဲ ပေါ်ထွက်လာတဲ့ တူကူးအန့်က ချက်ချင်း ကျွော်ကျင်းကျင်းရဲ့ လက်ကို လှမ်းဖမ်းလိုက်ပြီး ဆက်တိုက်ဆိုသလို သူမလက်မောင်းကို နောက်ကျောဘက်ကို ဆွဲလိမ်ပစ်လိုက်တယ်။

"အားးး... ကယ်ကြပါအုံး!" 

ကျွော်ကျင်းကျင်းကလည်း ချက်ချင်း ကြောက်လန့်တကြား အော်ဟစ်တော့တယ်။

ယွီထန်က စုန့်ရှောင်းကို လှမ်းဆွဲလိုက်ပြီး သူ့ကိုယ်နဲ့ ကာထားလိုက်တယ်။

"အိုက်ယိုး! ငါတို့ ကျင်းကျင်းကို ချက်ချင်း လွှတ်လိုက်စမ်း!"

ကျွော်ကျင်းကျင်းရဲ့ ကိုယ်စားလှယ်က ကနွဲ့ကလျဆန်သူ ဖြစ်ပြီး ကျွော်ကျင်းကျင်းရဲ့ လက်ကို ဆွဲလိမ်ခံထားရတာကို မြင်လိုက်တာနဲ့ ချက်ချင်းပဲ သူ့ရဲ့ တင်ပါးကို ဟိုပစ်ဒီယိမ်းကာ ခက်သွက်သွက် လှမ်းလာခဲ့တယ်။ စုန့်ရှောင်း ဖြစ်နေမှန်း မြင်လိုက်တဲ့ အခါမှာတော့ ဆူပူပြောဆိုဖို့ အသင့်အနေအထားနဲ့ မြှောက်ထားတဲ့ သူ့လက်ညှိုးကို ချက်ချင်း ပြန်သိမ်းလိုက်လေတယ်။

ကျန်တဲ့သူတွေအားလုံး ပြေးလာနေကြချိန်မှာတော့ တူကူးအန့်က ကျွော်ကျင်းကျင်းကို လွှတ်ပေးနှင့်ပြီးသား ဖြစ်နေပြီး ယွီထန်ရဲ့ ဘေးကို လျှပ်စီးတစ်ကြောင်းလို လှစ်ခနဲ ပြန်ရောက်လာကာ တိတ်ဆိတ်စွာ မတ်တပ်ရပ်နေခဲ့တယ်။

ကျွော်ကျင်းကျင်းက တစ်ခဏလောက် ဒယီးဒယိုင်ဖြစ်နေခဲ့ပြီး ဘေးကနေ သူမရဲ့ လက်ထောက်ဖြစ်သူက လှမ်းထိန်းပေးလိုက်ရတယ်။

 "မင်းတို့ကောင်လေးတွေ.. ဒါ ဘာလုပ်လိုက်တာလဲကွ? ငါတို့ရဲ့ အစ်မကျင်းကျင်းကို လက်ရှိမှာ ပိုးမွေးသလို နူးနူးညံ့ညံ့လေး ထားထားရတာ...."

လက်ထောက်ငယ်လေးက အရမ်းကို ပြောပစ်ချင်နေပေမယ့် ကိုယ်စားလှယ်ဖြစ်သူဆီကနေ ဆွဲဆိတ်ခံလိုက်ရတာကြောင့် ချက်ချင်း ပါးစပ်ပိတ်သွားတော့တယ်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now