Chapter //74//

6.9K 1.2K 18
                                    

UNICODE

အခန်း (၇၄) ယင်ကောင်

စုန့်ရှောင်း မျက်ဝန်းတွေကို ရီဝေစွာနဲ့ ဖွင့်လိုက်တော့ ဗီလာကို ပြန်ရောက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရတယ်။ တစ်ကိုယ်လုံးကို သန့်ရှင်းရေးလုပ်ထားပေးပြီးပေမဲ့ ခေါင်းအစခြေအဆုံး နာကျင်ကိုက်ခဲနေတာကြောင့် လှုပ်ရှားဖို့တောင် ပျင်းရိနေမိတယ်။

အခန်းတစ်ခန်းလုံး လူတစ်ယောက်မှမရှိ၊ ဗလာကျင်းနေခဲ့တယ်။ ယွီထန်လည်း ဘယ်သွားနေမှန်း မသိရပေ။

စုန့်ရှောင်း ဖြည်းဖြည်းချင်း ထထိုင်လိုက်တော့ ခပ်ဖွဖွ မျက်မှောင်ကြုံ့မိသွားတယ်။ ဧကရာဇ်အရှင်ရဲ့ ကားပေါ်မှာ အကြမ်းပတမ်း လုပ်ဆောင်ချက်တွေကြောင့် သူ့ခန္ဓာကိုယ်ရဲ့ တစ်ခုသောနေရာလေးက ထုံကျင်ကိုက်ခဲနေဆဲဆိုပေမဲ့ အဆင်ပြေနေသေးပေတယ်။ အတိတ်ဘဝမှာတုန်းက တစ်ညလုံး နာကျင်မှုကို ခံစားလိုက်ရပြီး နောက်သုံးရက်ဆက်တိုက် အိပ်ရာထဲက မထနိုင်ခဲ့တာနဲ့ ယှဉ်ရင်တော့ ဒီလောက်က ဘာမှမဟုတ်ပေ။

ရုတ်တရက် ဘေးမှာချထားတဲ့ လက်ကိုင်ဖုန်းက ထမြည်လာခဲ့တယ်။ စုန့်ရှောင်း ဖုန်းနံပါတ်ကို တစ်ချက်ကြည့်ကြည့်လိုက်တော့ သူငှားထားတဲ့ အလွတ်စုံထောက်ဖြစ်နေတာမို့ ဖုန်းကိုင်လိုက်တယ်။

ယွီထန်က ဘေးကပ်ရပ်အခန်းမှာ စာရွက်စာတမ်းတချို့ ဖတ်ကြည့်နေတာဖြစ်တယ်။ အိပ်ခန်းထဲက ဖုန်းမြည်သံကို ကြားလိုက်တော့ စုန့်ရှောင်းကို ဖုန်းကိုင်လို့ရအောင် သွားကူပေးချင်ခဲ့တယ်။ အခန်းတံခါးရှေ့ကို ရောက်သွားတဲ့အချိန်မှာပဲ ဖုန်းမြည်သံက ရပ်တန့်သွားပြီ ဖြစ်ကာ သူလည်းပဲ ခြေလှမ်းတွေကို ရပ်တန့်လိုက်မိတယ်။

"သခင်လေး... သခင်လေး ဘာလို့ဝင်မသွားတာလဲဟင်?"

နွားနို့ပူပူလေးတစ်ခွက်ကို ယူတက်လာခဲ့တဲ့ အိမ်တော်ထိန်းစူးရှန်း(ဆူဇန်)က တံခါးရှေ့မှာ ရပ်နေတဲ့ ယွီထန်ကို မြင်တော့ နည်းနည်းလေး စပ်စုမိသွားတယ်။

ယွီထန်က နွားနို့ခွက်ကို လှမ်းယူလိုက်ကာ စူးရှန်းကို ပြန်သွားလို့ရပြီဖြစ်ကြောင်း မေးငေါ့ပြလိုက်ပြီး အခန်းထဲ ခပ်သွက်သွက်လေး ဝင်သွားခဲ့တယ်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now