Chapter //81//

6.7K 1.2K 8
                                    



UNICODE


အခန်း (၈၁) အမှတ်မထင်တွေ့ဆုံခြင်း

"မိုက်လိုက်တာ၊ မိုက်လိုက်တာကွာ!"

ရှောင်းကျန့်ချင်းက ရုပ်ပုံလေးကို ကောက်ယူလိုက်တယ်။ မင်စိုဘောပင်နဲ့ဆွဲထားတာမို့ ပိုပြီးရိုးရှင်းနေပေမဲ့ ကြောင်တစ်ကောင်ရဲ့ မာန်မာနနဲ့ ဇွတ်တရွတ်ဆန်မှုအပြင် ဧကရာဇ်အရှင်တစ်ပါးရဲ့ သီးခြားဆန်မှုနဲ့ ခန္တီပါရမီတို့ကိုပါ ပေါ်လွင်အောင် သရုပ်ဖော်ပြထားတယ်။ အရေးအကြီးဆုံးကတော့ စုန့်ရှောင်းရဲ့ ပန်းချီက ရိုးရာမင်ရေးပန်းချီအငွေ့အသက်ကို ဆောင်ယူလာပေးတာမို့ အထူးသဖြင့် တရုတ်ဆန်လှပေတယ်။

"ရှောင်းဦးဦးက ကောင်းတယ်လို့ထင်ရင် အဲလိုမျိုးလေးပဲ ဆွဲလိုက်ပါလေ။"

စုန့်ရှောင်းက ပြုံးလိုက်တယ်။ သူက သာမန်ကာလျှံကာလေးပဲ ဆွဲလိုက်တာမို့ သူဆွဲထားတဲ့ပုံကို ရုပ်ရှင်ထဲမှာ ထည့်သုံးဖို့က လုံးဝကိုမဖြစ်နိုင်ပေ။ ပိုပြီး အသေးစိတ်ကျတဲ့ ဒီဇိုင်းကို ရေးဆွဲပေးမယ့် သရုပ်ဖော်ပညာရှင်အတွက် ကိုးကားစရာအဖြစ်လောက်သာ သုံးနိုင်မှာဖြစ်တယ်။

ဒီရုပ်ရှင်မှာ ရင်းနှီးမြှုပ်နှံဖို့အတွက် စုန့်ရှောင်းမှာ ပိုက်ဆံမရှိပေမဲ့ ယွီထန်မှာတော့ ရှိတယ်။ သူကလည်း ဒီရုပ်ရှင်မှာ အတော်ကြီး စိတ်ဝင်စားနေလေရဲ့။ ရှောင်းကျန့်ချင်းကလည်း လောလောဆယ် ငွေပြတ်လတ်နေတဲ့အချိန်မို့ ဘာကိုမှာ ငြင်းပယ်နေမှာ မဟုတ်ပေ။ ယွီထန်က ရင်းနှီးမြှုပ်နှံမှုအစီအစဉ်အသေးစိတ်ကို လိုချင်တာမို့ စုန့်ရှောင်းနဲ့အတူ ပြန်မသွားခင် အဓိကအချက်အလက်တချို့ကို ရှောင်းကျန့်ချင်းနဲ့ ဆွေးနွေးလိုက်တယ်။

"မင်းပြန်သွားလိုက်ပါ။ ငါ့ဘာသာ ဟိုတယ်ပြန်လိုက်လည်း ရတယ်။"

စုန့်ရှောင်းက ယွီထန်ကို ယွီအိမ်တော်ဆီ ပြန်သွားဖို့ တိုက်တွန်းလိုက်တယ်။

"ရောက်ရင် ကိုယ့်ကိုဖုန်းဆက်လိုက်။"

ယွီထန်က စုန့်ရှောင်းကို လက်အမူအရာပြလိုက်ပြီး သူက နာနာခံခံနဲ့ ခေါင်းငြိမ့်ပြမှသာ ကားထဲလှည့်ဝင်သွားလိုက်ကာ ယွီအိမ်တော်ကို ပြန်သွားလိုက်တယ်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now