Extra //5.1// UNICODE

6.6K 699 31
                                    

UNICODE

အချပ်ပို (၅) ယွဲ့ရှရှောင်းထန် အပိုဒ်ခွဲ (၁)

နွေဂိမှာန်၏ အရုဏ်ဦးအခါသမယတွင် တော်ဝင်နန်းမြို့တော်သည် အတန်ငယ်အေးစိမ့်နေဆဲဖြစ်သော်ငြား နာမည်စာရင်းလာကြည့်ကြသည့် တော်ဝင်မင်းမှူထမ်းစာမေးပွဲဖြေဆိုခဲ့ကြသူများကမူ အအေးဒဏ်ကို မခံစားမိကြသည့်နှယ်။

ကောင်းကင်ယံ၌ လင်းရောင်ပျို့စပြုလာချေပြီ။ စီရင်စုစာမေးပွဲဌာနတံခါးဝ၌ အုတ်အုတ်ကြက်ကြက် တိုးဝှေ့ကြပ်သိပ်နေကြသူများသည် များမကြာမီ ထုတ်ပြန်ကြေငြာတော့မည့် စာမေးပွဲအောင်စာရင်းကို စောင့်ဆိုင်းနေကြသည်။ မိသားစုနောက်ခံ အနည်းငယ်တောင့်သူတို့က အစေခံကောင်လေးများ၊ ငယ်ကျွန်ကြီးများအား စေလွှတ်ထားကြကာ မိသားစုနောက်ခံမရှိသူတို့ကမူ ကိုယ်တိုင်ကိုယ်ကျ လာရောက်၍ တိုးကာဝှေ့ကာဖြင့်သာ အောင်စာရင်းကြည့်ကြရသည်။

ထို့အပြင် လူအုပ်ကြားထဲ၌ မုန့်အိုးကင်းကြော်ရောင်းရင်း၊ ကန်စွန်းဥမီးဖုတ်ရောင်းရင်း စီးပွားရေးသောင်းကျန်းနေကြသူများလည်း ရှိနေသေးပေရာ တဒင်္ဂအတွင်း အင်မတန်စည်ကားနေလေတော့သည်။

စီရင်စုစာမေးပွဲဌာန၏ မျက်နှာချင်းဆိုင်တွင် "ကျီတိ*မျှော်စင်"ဟုအမည်ရသည့် နှစ်ထပ်လက်ဖက်ရည်ဆိုင်တစ်ဆိုင် ရှိသည်။ နှုတ်ပြောပုံပြင်များအရ ဤဆိုင်အပေါ်ထပ်မှ ထိုင်စောင့်ပါက အောင်စာရင်း၌နာမည်ပါနိုင်ချေသည် များစွာပို၍မြင့်တက်သွားသည်ဟု ဆိုကြ၏။ ဤသို့ဖြင့် အောင်စာရင်းထွက်မည့် ဤတစ်ရက်တာတွင် နှစ်ထပ်လက်ဖက်ရည်ကြမ်းဆိုင်လေး၏ လက်ဖက်ရည်ကြမ်းဈေးနှုန်းသည် သာမန်နေ့များထက် သုံးဆတက်သွားပေသည်။

*ကျီတိ 及第 - နန်းတွင်းစာမေးပွဲကို ဖြေဆိုအောင်မြင်သည်။

အတိုင်းထက်အလွန် စိတ်လှုပ်ရှားပူပန်နေရသည့် နန်းတွင်းစာမေးပွဲဖြေဆိုထားသူများအတွက်မူ ဘယ်လိုအယူမျိုးပင်ဖြစ်စေ ယုံကြည်ဖွယ်ရာများပင်။ အစေခံကောင်ငယ်လေးများကိုပင် အပိုင်ရှိထားသည့် သခင်လေးများအနေဖြင့် ဤငွေစအနည်းငယ်မျှလောက်ကို မတတ်နိုင်ဟူ၍မရှိပေရာ ဒုတိယထပ်၌ တိုးရင်းဝှေ့ရင်း သတင်းစောင့်နေကြလေသည်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now