Chapter //64//

7.3K 1.3K 84
                                    

UNICODE

အခန်း (၆၄) ရင်းနှီးနေသောသူ

ဧကရာဇ်ကျင်းယွမ်ရဲ့ လက်ရေးလှစွမ်းရည်ကလည်း သမိုင်းမှာ အတော်လေး ထင်ရှားကျော်ကြားလှကာ သူ့ရဲ့ လက်ရေးလှလက်ရာတွေမှာ ရက်စက်ခက်ထန်တဲ့ စွမ်းအင်တွေနဲ့ ပြည့်လျှမ်းနေတတ်တယ်။ စုတ်ချက်တစ်ချက်ချင်းစီတိုင်းမှာ လူတိုင်းက အနီးတစ်နေရာမှာ တိုက်ပွဲဝင်နေတဲ့ တော်ဝင်တပ်မဟာကြီးကို မြင်နေရသကဲ့သို့ ဖြစ်နေခဲ့ကာ သူရိန်နေမင်းနဲ့ လစန္ဒာ၊ တောင်တန်းတွေနဲ့ မြစ်ချောင်းများ၊ မြောက်များလှစွာသော လျှိုမြောင်တို့ကို စာရွက်တစ်ရွက်တည်းပေါ်မှာ ခင်းကျင်းထားသကဲ့သို့ပင်။

'ကျူ 竹' စာလုံးလေးကို ရေးပြီးသွားချိန်မှာ တစ်ခန်းလုံးက တိတ်ဆိတ်နေခဲ့လေတယ်။ နိုင်ငံခြားမှာ ကြီးပြင်းလာခဲ့ကြတဲ့ ဝမ်းကွဲညီအစ်ကိုတွေက လက်ရေးလှပညာအကြောင်းကို များများစားစား မသိထားကြပေမဲ့ ယယ်ယဲ့ကို ဖားယားနိုင်ကြဖို့အတွက် အနည်းအကျဉ်းတော့ လေ့လာထားကြတာမို့ လုံလောက်တဲ့ အကြမ်းဖျင်းဗဟုသုတလေးတွေတော့ ရှိကြပေတယ်။ ဘာဆိုဘာမှ မသိနားမလည်တဲ့ နားလပိန်းတုံးတစ်ယောက်ဆိုရင်တောင်မှ ဒီစာလုံးရဲ့ လက်ရာမြောက်မှုကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သလို ယွီထန်ရဲ့ လက်ရေးလှရေးနေတဲ့ ကိုယ်နေဟန်ထားတစ်ခုတည်းကတောင် လူတိုင်းကို ခြောက်လှန့်နိုင်ဖို့ရာ လုံလောက်နေပြီ ဖြစ်တယ်။

"ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်!"

ယွီထိုက်ရှန်က 'ကောင်းတယ်' ဆိုတဲ့ စကားလုံးကိုပဲ သုံးကြိမ်ဆက်တိုက် ပြောသွားခဲ့ကာ ဝမ်းမြောက်ကျေနပ်စွာနဲ့ မြေးဖြစ်သူရဲ့ ပုခုံးကိုတောင် ပုတ်ပေးလိုက်သေးတယ်။ တရုတ်လူမျိုးတစ်ယောက် အနေနဲ့ ယွီမိသားစုဟာ သူတို့ရဲ့ မျိုးရိုးဇစ်မြစ်ကို မေ့ပျောက်မနေသင့်ဘူးလို့ ယွီထိုက်ရှန်က အမြဲတမ်း ယုံကြည်ထားခဲ့တာ ဖြစ်တယ်။ ဒါကြောင့် သူ့ရဲ့ မြေးတွေက တရုတ်ပြည်ရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကို ဆက်ခံနိုင်ဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့ သူ့ရဲ့အကြီးဆုံးသားဖြစ်သူကို တရုတ်ပြည်ရှိရာ ကန်ထုတ်လိုက်တာ ဖြစ်တယ်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now