Chapter //50//

9.3K 1.4K 194
                                    

UNICODE

အခန်း (၅၀) ခန္ဓာကိုယ်ကို ရောင်းစားရခြင်း

သမိုင်းသင်တဲ့ လောင်ရှီးက သမိုင်းကြောင်းထဲကမှ တာ့ယွီပြည်အကြောင်းကို အလွန်တရာ စိတ်ဝင်စားကြောင်း သိသာလှတယ်။ ပုံနှိပ်စာအုပ်ထဲမှာ ရွှေရောင်လွှမ်းသော ကျင်းဟုန်ခေတ်အကြောင်းကို စာမျက်နှာ နှစ်မျက်နှာစာသာ ပါရှိပေမယ့်လို့ လောင်ရှီးကတော့ အဲဒီအကြောင်းကို စာသင်ချိန် သုံးချိန်စာလောက် ကြာအောင် ပြောပြနေခဲ့တယ်။

ပထမတစ်ချိန်မှာတော့ သူမက ဧကရာဇ်ကျင်းယွမ်ရဲ့ ချီးမွမ်းထိုက်တဲ့ အောင်မြင်မှုတွေအကြောင်းကို ပြောပြတယ်၊ ဒုတိယတစ်ချိန်မှာတော့ သူမက သမိုင်းမှတ်တမ်းတွေကို အထောက်အကူပြုပေးခဲ့တဲ့ ဧကရီသွမ်းဟွေ့ရဲ့ စွမ်းဆောင်ချက်တွေအကြောင်းကို ပြောပြတယ်၊ ဒီလိုနဲ့ တတိယမြောက်အချိန်မှာတော့ သူမက ပုံနှိပ်စာအုပ်ထဲက စာတွေအကြောင်း ပြောပြနေခဲ့ပေမယ့် တခြားအကြောင်းအရာဘက်ကို မြှားဦးလှည့်သွားခဲ့ပြန်လေတယ်။

"ဧကရီသွမ်းဟွေ့ရဲ့ မွေးနာမည်က စုန့်ရှောင်း၊ လောကသိအမည်နာမကတော့ ကျွင်းကျူ..."

သမိုင်းလောင်ရှီးက 'ဧကရီသွမ်းဟွေ့၏ သမိုင်းဝင်အတ္ထုပ္ပတိ' စာအုပ်ကို ဖြည်းဖြည်းမှန်မှန်လေး ဖတ်ပြနေချိန်မှာပဲ ရုတ်တရက် စာသင်ခန်းတစ်ခန်းလုံး ဝါးလုံးကွဲ ထ,ရယ်လာကြတယ်။

လူတိုင်းက 'စုန့်ရှောင်း'ဆိုတာကို ကြားလိုက်ရတာနဲ့ အတန်းခေါင်းဆောင်ဘေးမှာ ထိုင်နေတဲ့ စုန့်ရှောင်းကို လှည့်ကြည့်လာကြတယ်။ စုန့်ရှောင်းကတော့ မျက်နှာအမူအရာ ပြောင်းလဲခြင်း အလျဉ်းမရှိ... ပုံနှိပ်စာအုပ်ကိုသာ စိုက်ကြည့်နေပြီး လုံးဝ နှုတ်ဆိတ်နေခဲ့တယ်။

သမိုင်းလောင်ရှီးက သူမရဲ့ မျက်မှန်ကို တစ်ချက် ပင့်တင်လိုက်ပြီးနောက်မှ ဒီအတန်းထဲမှာလည်း စုန့်ရှောင်းလို့ ခေါ်တဲ့ ကျောင်းသားတစ်ယောက် ရှိတာကို သတိရသွားတယ်။

"ကောင်းပြီ... ကောင်းပြီ... တိတ်တိတ်နေကြ။"

သမိုင်းလောင်ရှီးက သူမ သဘောကျနှစ်သက်တဲ့ ဇာတ်လမ်းလေးထဲ နစ်မြုပ်နေတာကြောင့် ကြားဖြတ်နှောင့်ယှက်လာမှုတွေကို တားမြစ်လိုက်ကာ သူမရဲ့ လက်ချာကို ဆက်တော့တယ်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now