Chapter //33//

8.9K 1.6K 16
                                    

UNICODE

အခန်း (၃၃) ဆင့်ခေါ်ခြင်း

ယွီထန်ရဲ့ စကားကို ပြန်လည်မတုံ့ပြန်လိုက်နိုင်ခင် စုန့်ရှောင်းတစ်ယောက် အတန်ကြာအောင် ကြောင်အ,နေခဲ့ပြီး ဖုန်းချလိုက်ပြီးချိန်မှာတော့ သူ့မျက်နှာလေးမှာ အနီရောင် ပြောင်းသွားခဲ့လေတယ်။

"ဧ... ဧကရီမယ်တော်ကြီးက... ဘာလို့ ငါ့ကို တွေ့ချင်ရတာလဲ..."

"ဒီတိုက်ခန်းရဲ့ ပိုင်ဆိုင်ခွင့်ကို ကျွော်ကျင်းကျင်းဆီ လွှဲပေးလိုက်။"

ရှင်းဟိုင်အင်တာတိန်းမန့်ထ်ရဲ့ ဥက္ကဌရုံးခန်းထဲမှာ စုန့်ဇီချန်က အိမ်ရာသဘောတူစာချုပ်ကို သူ့အတွင်းရေးမှူးဆီ ကမ်းပေးလိုက်တယ်။

စေးတာ့ရှုလည်း သဘောတူစာချုပ်ကို ယူကြည့်လိုက်တော့ ဇိမ်ခံတိုက်ခန်းတစ်ခန်းအတွက် ဖြစ်နေခဲ့တယ်။ အိမ်ခြံမြေဈေးမြင့်တဲ့ Aမြို့ကြီးလို နေရာမျိုးမှာ ဒီတိုက်ခန်းက အတော်လေးကို တန်ဖိုးကြီးပေတယ်။ လူလတ်တန်းစားတစ်ယောက်ဖြစ်တဲ့ စေးတာ့ရှုခမျာ အနှီစာချုပ်ကို ကြည့်လိုက်တဲ့အချိန် နှလုံးသားလေး နာကျင်သွားရရှာတော့တယ်။

"အစည်းအဝေးက ဆယ်မိနစ်နေရင် စ,တော့မှာပါ။ ဒါကတော့ ခုနလေးတင်က ဘဏ္ဍာရေးဌာနကနေ ပို့ပေးလိုက်တဲ့ ငွေကြေးအစီရင်ခံစာပါ... တစ်ချက်လောက် ကြည့်ကြည့်လိုက်ပါအုံး ခင်ဗျ...။"

စုန့်ဇီချန်က နေရာကနေ ထ,ပြီး အစီရင်ခံစာကို လက်ခံလိုက်ကာ လမ်းလျှောက်သွားနေရင်း အကြမ်းဖျင်း ဖတ်ကြည့်သွားလိုက်တယ်။ အစီရင်ခံစာထဲက ကိန်းဂဏန်းဖော်ပြချက်တွေက အထင်ကြီးစရာ မရှိသလို အကျိုးအမြတ်ကဏ္ဍဆိုလည်း ကြည့်ချင်စရာကို မရှိပေ။

"ဘဏ္ဍာရေးဌာနကတော့ ဒီပုံအတိုင်းသာ ဆက်သွားမယ်ဆို ကျွန်တော်တို့ အခြေအနေက ဒီနှစ်ကုန်အထိကို အနီရောင်အဆင့်ပဲ ဖြစ်နေလိမ့်မယ်လို့ ယူဆထားကြပါတယ်။

စေးတာ့ရှုက ဓာတ်လှေကားခလုတ်ကို နှိပ်မလို့ လုပ်နေစဉ်မှာပဲ 'တင်းတောင်'ဆိုတဲ့ အသံနဲ့အတူ ဓာတ်လှေကားက ပွင့်လာခဲ့တယ်။ ဓာတ်လှေကားထဲမှာကတော့ အမြန်ချောပို့စာအိတ်တစ်အိတ်ကို ယူတက်လာပေးတဲ့ ဧည့်ကြိုကောင်တာက ဝန်ထမ်းမ,လေးတစ်ယောက်ပင်...။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now