Chapter //23.2//

10.5K 1.8K 45
                                    

UNICODE

အခန်း (၂၃) ပြသနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ (အပိုဒ်ခွဲ ၂)

နောက်တစ်နေ့မှာတော့ နှစ်ယောက်သား ဘာမှမဖြစ်ခဲ့သလိုပဲ ပုံမှန်အတိုင်း အိပ်ရာထ၊ ကိုယ်လက်သန့်စင်ပြီး အတန်းသွားတက်ခဲ့ကြတယ်။ အလှပဂေးလေးကို ရင်ခွင်ထဲ ပွေ့ဖက်အိပ်စက်နေခဲ့တဲ့ ယွီထန်ကတော့ ပိုလို့ ပိုလို့တောင် အိပ်ရာထဲက မထ,ချင်ဖြစ်နေပြီး စိတ်ဒုက္ခပေးလှတဲ့ မနက်ခင်းကြက်တွန်သံကို အတော်လေး စိတ်ကုန်လှပြီ ဖြစ်တယ်။ (T.N/ Here မနက်ခင်းကြက်တွန်သံ means အိပ်ရာထဖို့ အချက်ပေးခေါင်းလောင်းသံ)

"မနက်တိုင်း ငါးနာရီလောက်တည်းက အိပ်ရာထရအောင် ငါကိုယ်တော်မြတ်က ကြက်တစ်ကောင်လားလို့?!"

ရင်ခွင်တစ်နေရာက လစ်လပ်သွားတာနဲ့ ယွီထန်လည်း မပျော်မရွှင်နဲ့ အိပ်နေရာက ထလာလိုက်ရတော့တယ်။

စုန့်ရှောင်းလည်းပဲ သူ့ရဲ့ ငိုက်မြည်းနေဆဲ မျက်လုံးတွေကို ပွတ်သပ်နေခဲ့တယ်။

"ထတော့လေ။ ငါတို့ နောက်ကျတော့မယ်။"

ယွီထန်က ညအချိန်မှာ အလုပ်လုပ်ပြီး မနက်ခင်းကို ညအိပ်ချိန်လို့ သဘောထားတဲ့ လူမျိုးဖြစ်တယ်။ အရင်ဧကရာဇ်ဟောင်းလက်ထက်တုန်းက အာကာတစ်ခွင် အရုဏ်ဦးရောင်နီ မသမ်းခင်အချိန်တည်းက ညီလာခံတက်ရပေမယ့် ဧကရာဇ်ကျင်းယွမ်ရဲ့ လက်ထက်မှာတော့ ညီလာခံစတင်ချိန်ကို အရုဏ်တက် နေထွက်ချိန်ကို ပြောင်းလဲသတ်မှတ်တော်မူခဲ့တယ်။

ကျောင်းသားသမဂ္ဂရဲ့ ဌာနဆိုင်ရာ ခေါင်းဆောင်တွေကို အခြေခံအနေနဲ့ ရွေးချယ်သတ်မှတ်ထားပြီးပြီ ဖြစ်တယ်။ ယွီထန်က ဒုတိယနှစ်ကျောင်းသားတစ်ယောက်ကို ဥက္ကဌဖြစ်တဲ့ သူနဲ့အတူ တာဝန်တွေကို ထမ်းဆောင်နိုင်မယ့် ဒုတိယဥက္ကဌအဖြစ် ရွေးချယ်ခန့်အပ်ခဲ့တယ်။ နံနက်စာစားချိန်မှာ သူတို့နှစ်ယောက်သား ကန်တင်းမှာ ဆုံဖို့ ချိန်းလိုက်ကြပြီး မနက်စာစားရင်း ပြောဆိုဆွေးနွေးနေကြတယ်။

"ဌာနဆိုင်ရာ ခေါင်းဆောင်နေရာတွေအတွက် ရွေးချယ်တာနဲ့ ပတ်သက်ပြီးတော့တော့ ဘာပြသနာမှ မရှိတော့ဘူး။ လက်ထောက်ဌာနခေါင်းဆောင်တွေကိုတော့... ငါ့စိတ်ထင် ဌာနခေါင်းဆောင်တွေကိုပဲ သူတို့ဘာသာ ရွေးခိုင်းလိုက်ရင် ပိုကောင်းမယ်ထင်တယ်။"

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now