Chapter //24//

11.1K 1.8K 89
                                    

UNICODE

အခန်း (၂၄) ရုပ်ရှင်ရိုက်ကွင်းသို့ အလည်တစ်ခေါက်

သို့သော်လည်းပဲ ဧကရာဇ်အရှင်က သူ့ရဲ့ သဘောထားဆိုတာမျိုးကို တခြားလူတွေရဲ့ ကန့်ကွက်စကားလေး အနည်းငယ်လောက်နဲ့ ပြောင်းလဲခဲ့ခြင်း မရှိခဲ့ဖူးပေ။

ယွီထန်ရဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းက အလွန်အမင်းကို မြင့်မားလှတယ်။ သူက ကျောင်းသားသမဂ္ဂတစ်ရပ်ကို ဖွဲ့စည်းချင်တယ်လို့ဆိုလိုက်တာနဲ့ လိုအပ်တဲ့ နေရာနဲ့ ပစ္စည်းပစ္စယ ပံ့ပိုးမှုတွေကလည်းပဲ ပြတ်လပ်ခြင်း ရှိမနေခဲ့ပေ။ ကျောင်းနဲ့ ဆွေးနွေးညှိနှိုင်းပြီးတဲ့အခါမှာတော့ အစည်းအဝေးခန်းတစ်ခန်းနဲ့ သမဂ္ဂလှုပ်ရှားမှုတွေအတွက် အခန်းတစ်ခန်းကို ကျောင်းသားသမဂ္ဂအတွက် စုဝေးဖို့ နေရာအဖြစ် ရရှိခဲ့တယ်။

ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေက သူတို့ကို သာမန်ကျောင်းသားတွေနဲ့ မတူကွဲပြားစေမယ့် ပင်ကိုလက္ခဏာတစ်ရပ် လိုအပ်တယ်။ ကျောင်းကနေ အလကား ထောက်ပံ့ပေးခဲ့တဲ့ လက်မောင်းပတ်တွေက ယွီထန်ရဲ့ အကြင်နာတရားကင်းမဲ့စွာနဲ့ အမှိုက်ပုံးထဲ ပစ်ထုတ်ခြင်းကို ခံလိုက်ရတယ်။ ပြီးတော့ ယွီထန်က ကျောင်းရင်ထိုးအောက်မှာ တွယ်ချိတ်တပ်ဆင်ထားလို့ရမယ့် စာထွင်းသတ္တုရင်ထိုးတွေကို ဖန်တီးစေခဲ့တယ်။

ပူပူနွေးနွေး ရွေးကောက်ခံထားရတဲ့ ဌာနဆိုင်ရာ ခေါင်းဆောင်အသစ်စက်စက်လေးတွေက အစည်းအဝေးအတွက် အားမာန်အပြည့်နဲ့ ချီတက်လာကြပြီး သူတို့အတွက် စာထွင်းရင်ထိုးလေးတွေကို လက်ခံရရှိလိုက်ကြတယ်။ 

အလွန်သေးငယ်တဲ့ အစည်းအဝေးခန်းလေးထဲမှာ ဘဲဥပုံစည်းဝေးစားပွဲရှည်ကြီးတစ်လုံးအပြင် သင်ကြားရေးနဲ့ တင်ဆက်မှုဆိုင်ရာ ပစ္စည်းပစ္စယအစုံအလင်ကိုလည်း ထားရှိထားတယ်။ ယွီထန်က စားပွဲရှည်ကြီးရဲ့ ထိပ်ဆုံးတစ်နေရာမှာ နေရာယူပြီး သမဂ္ဂဒုဥက္ကဌက သူ့ရဲ့ဘယ်ဘက်မှာ ထိုင်ရပြီး ဘုမသိဘမသိနဲ့ ယွီထန်ဆွဲခေါ်ရာကို လိုက်လာခဲ့ရတဲ့ စုန့်ရှောင်းကတော့ သူ့ရဲ့ ညာဘက်မှာ ထိုင်နေခဲ့တယ်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now