Chapter //55//

8.2K 1.4K 58
                                    

UNICODE

အခန်း (၅၅) ပြည်နယ်အဆင့် ပထမ

ကော်လိုကပ်တဲ့ ရေဘဝဲဝိဉာဉ် ဧကရာဇ်အရှင်က စုန့်ရှောင်းကို အထက်တန်း တတိယနှစ် ပြီးဆုံးတဲ့အထိ အဖော်ပြုပေးခဲ့တယ်။ စုန့်ရှောင်းက အတန်းထဲမှာ ရှိနေချိန်ဆို ယွီထန်က စုန့်ရှောင်းဘေးမှာ အင်္ဂလိပ်စာအုပ်အထူကြီး တစ်အုပ်ကို ထိုင်ဖတ်နေတတ်ပြီး ကိုင်တွယ်စရာ ကုမ္ပဏီစာရွက်စာတမ်းတွေကိုတောင် ဆွဲထုတ်လာတတ်သေးတယ်။

ယွီထန်ရဲ့ အဖေက သူ့သားလေးက အလားအလာရှိတယ်လို့ ထင်မိတာကြောင့် တာ့ယွီအပန်းဖြေဥယျာဉ်ကို စီမံဖို့ရာ ယွီထန်ကိုပဲ လက်လွှဲပေးခဲ့တယ်။

စီးပွားဖြစ်ကုမ္ပဏီတစ်ခုက ကိုင်တွယ်ရတာက ပိုရိုးရှင်းတာကြောင့် အပတ်တိုင်း အပတ်တိုင်းမှာ ယွီထန်က တစ်ပတ်ကို နှစ်ရက် စုန့်ရှောင်းကို အတန်းထဲမှာ အဖော်ပြုပေးပြီး နောက်သုံးရက်ကိုတော့ ကုမ္ပဏီကိစ္စတချို့တလေ ကိုင်တွယ်ဖြေရှင်းဖို့အတွက် ကုမ္ပဏီကို သွားရတယ်။

အချိန်ယန္တရားက အလွန်လျင်မြန်စွာ လည်ပတ်သွားခဲ့ကာ များမကြာမီမှာပဲ တက္ကသိုလ်ဝင်စာမေးပွဲရက်ကို‌ ရောက်ရှိလာခဲ့တယ်။ အဲဒီရက်တွေမှာ စုန့်ဇီချန်က သူ့အလုပ်တွေအားလုံးကို ဘေးဖယ်ထားလိုက်ပြီး တခြားမိဘတွေနဲ့အတူ စာမေးပွဲကျင်းပရာနေရာရဲ့ အပေါက်ဝမှာ တရစ်ရစ် ဝဲနေခဲ့တယ်။

"အိုင်း... စိတ်ပူလိုက်တာနော်။ ကျုပ်တို့မှာ ပိုက်ဆံသာရှိနေလို့ကတော့ ကလေးတွေကို နိုင်ငံခြားပညာတော်သင်ပဲ ပို့ပေးလိုက်တော့မှာ။ ဒီလိုမျိုး ဒုက္ခခံနေစရာ ဘယ်လိုတော့မလဲ?"

လက်တစ်ဖက်မှာ ရေခဲပုံးတစ်ပုံး ကိုင်ထားရင်း ခေါက်ကုလားထိုင်လေး တစ်လုံးပေါ် ထိုင်နေတဲ့ အဖေတစ်ယောက်က ပြောလာခဲ့တယ်။

"အမှန်ပဲ။ တစ်နိုင်ငံလုံးမှာရှိတဲ့ လူပေါင်းသောင်းခြောက်ထောင်က တစ်စင်းတည်းသော ဒီသစ်သားတံတားလေးပေါ်မှာပဲ တိုးကြိတ်နေရတာ... ကျွန်မတို့ ကလေးတွေ ဘယ်လောက်တောင် ခက်ခဲပင်ပန်းနေလိမ့်မလဲနော်!"

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Dove le storie prendono vita. Scoprilo ora