Chapter //2//

18K 2.3K 197
                                    

UNICODE

အခန်း (၂) ပြန်လည်မွေးဖွားခြင်း

"ဧကရာဇ်နှင့် ဧကရီတို့ကို 'ကျောင်း'ဂူဗိမာန်တော်အတွင်း အတူအကွ ဂူသွင်းမြှုပ်နှံခဲ့ကြပေသည်။"

စာမျက်နှာပေါ် ထောက်ထားတဲ့ လက်ချောင်းသွယ်သွယ်လေးတွေဟာ ထိုစာကြောင်းအရောက်မှာ ရပ်တန့်သွားရတယ်။ စုန့်ရှောင်း ညင်သာစွာ သက်ပြင်းချလိုက်မိပြီး စာအုပ်ကို ပိတ်လိုက်ကာ အိပ်ရာခေါင်းရင်းဘက်ရှိ ခလုပ်တစ်ခုကို ဖိနှိပ်လိုက်တယ်။

ကြားရသူအပေါင်း နားထိုင်းသွားစေမတတ် ကျယ်လောင်လှတဲ့ မြည်သံနှင့်အတူ ပန်းနုရောင်ဖျော့ဖျော့ ဂါဝန်ကို ဝတ်ဆင်ထားသူ ပြည့်ပြည့်ဖောင်းဖောင်း သူနာပြုဆရာမလေးတစ်ယောက် အပြေးအလွှား ဝင်ရောက်လာခဲ့တယ်။

"အပ်ဖြုတ်ဖို့ အဆင်သင့်ဖြစ်ပြီလား၊ ကလေး?"

"ဟုတ်ကဲ့"

စုန့်ရှောင်း ခေါင်းငြိမ့်ပြလိုက်ပြီး အကြောဆေးသွင်းထားသည့် လက်တစ်ဖက်ကို မြှောက်ပြလိုက်ကာ... 

"ကျယ်ကျဲ*ကို အလုပ်ရှုပ်စေမိပြီ"

*ကျယ်ကျဲ = မမ

"အိုက်ယား! အရမ်းကြီးယဉ်ကျေးစရာ မလိုပါဘူးကွယ်!" 

ဖြူဖြူနုနု ကောင်ငယ်လေးတစ်ယောက်ဆီကနေ သာယာကြည်လင်တဲ့ အသံလေးနဲ့ ကျယ်ကျဲဆိုပြီး အခေါ်ခံလိုက်ရတဲ့ ဘယ်သူမဆို အသည်းယားလွန်းလို့ အရည်ပျော်သွားမှာပဲ။ သူနာပြုဆရာမလေးကတော့ သူမ မျက်လုံးတွေတောင် မပေါ်တော့တဲ့အထိ ပြုံးရွှင်နေလေပြီ။

သူမက ဆေးကပ်ခွာကို ကျွမ်းကျင်စွာ ဖယ်ခွာလိုက်ပြီး လက်တစ်ဖက်က ဆေးသွင်းထားသည့် နေရာကို ဂွမ်းလုံးလေးနဲ့ ဖိထားရင်း ကျန်လက်တစ်ဖက်နဲ့ ဆေးသွင်းအပ်ကို လျင်မြန်စွာ ဖယ်ရှားလိုက်တယ်။

"ဒီဂွမ်းလုံးလေးကို ဖိထားလိုက်နော်"

ဆေးသွင်းအပ်ဖယ်ထုတ်ထားတဲ့နေရာလေးကို ဖိထားလိုက်ရင်း သူနာပြုဆရာမလေးကို 'ကျေးဇူးပါ'ဆိုတဲ့သဘောနဲ့ စုန့်ရှောင်း ခေါင်းငြိမ့်ပြလိုက်တယ်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now