Chapter //109//

5.9K 1.1K 16
                                    

UNICODE

အခန်း (၁၀၉) ပုံတူဓာတ်ပုံ

စုန့်ရှောင်းရဲ့မျက်နှာထားက အေးစက်သွားကာ စကားဆိုမလာတော့ပေ။

သာမန်အချိန်တွေမှာ သူတို့နှစ်ယောက်ကို အကြောင်းပြကာ လိုတာထက်ပိုပြီး ကျော်ကြားအောင်လုပ်တာက ထားလိုက်လို့ရသေးသည်။ ဒါက အစတည်းက သူ့ရဲ့ကြော်ငြာအစီအစဉ်ထဲမှာ ပါဝင်နေတာကြောင့်ပင်။ သို့ပေသိ ဒီလိုမျိုး အလွန်အကြူး ဟိုလိုလိုဒီလိုလိုထင်ရစေတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ပေ။ ယွီမျိုးနွယ်စုပြဿနာက အခုထိ မပြေလည်သေးတာမို့ သူ့အနေနဲ့ ယွီထန်ကို ချောင်ပိတ်မိစေလို့ မဖြစ်ပါချေ။

ယွီထန်ကတော့ အနှီဇာတ်ဝင်အဝတ်အစားနှစ်စုံကိုကြည့်ပြီး မျက်ဝန်းတွေ လက်ခနဲဖြစ်သွားပေမဲ့ စုန့်ရှောင်းကို ပြန်ကြည့်လိုက်ပြီးနောက် ပိုလို့ပင် လိမ္မာပါးနပ်စွာနဲ့ နှုတ်ဆိတ်နေဖို့ရန်ကိုသာ ရွေးချယ်လိုက်ကာ စုန့်ရှောင်းဘေးမှာ တိတ်တိတ်လေး သွားဝင်ထိုင်နေလိုက်သည်။

ဝါဒဖြန့်ချီရေးအဖွဲ့ရဲ့ ကောင်လေးကတော့ ရှက်လွန်းလို့ မျက်နှာတွေတောင် ရဲတွတ်နေလေပြီ။ ပတ်ဝန်းကျင်လေထုအခြေအနေကလည်း မူမမှန်စွာပင် ကသိကအောက်နိုင်လှ၏။ ခေါင်းလှည့်ပြီး သူ့လုပ်ဖော်ကိုင်ဖက်တွေကို လှမ်းကြည့်လိုက်တော့ မိုးပေါ်မော့ကြည့်နေသူကကြည့်၊ ကြမ်းပြင်ကိုငုံ့ကြည့်နေသူကကြည့်နဲ့ ဘာဆိုဘာမှ မသိသလိုဟန်ဆောင်နေတာကြောင့် ချက်ချင်းဆိုသလို နောင်တရလွန်းလို့ အူတွေကလီစာတွေတောင်မှ စိမ်းပုပ်ကုန်တော့သည်။

"အဟမ်းအဟမ်း၊ အကုန်လုံး ကြောင်တောင်တောင်နဲ့ ဘာလုပ်နေကြတာလဲ?"

ဒါရိုက်တာက ချောင်းဟန့်သံပြုလိုက်ကာ လက်ထဲကဇာတ်ညွှန်းကို ဝှေ့ယမ်းပြီး ဟိန်းခနဲ အော်ပြောလာသည်။

"လုပ်စရာရှိတာ မြန်မြန်သွားလုပ်ကြ!"

မီးထိုးသမားက မီးမောင်းကြီးရဲ့လားရာကို မုချန်ရဲ့တင်ပါးကနေ ကမန်းကတမ်း ဖယ်လိုက်သလို ဇာတ်ဝင်ခန်းပြင်ဆင်တဲ့ ဝန်ထမ်းကလည်း ကြေးဇလုံကြီးကို ပြန်ကောက်ပြီး ရေအသစ်သွားထည့်တော့သည်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now