Chapter //112//

6K 1.1K 61
                                    

UNICODE


အခန်း (၁၁၂) လူသိရှင်ကြားချပြခြင်း

စိတ်ဆင်းရဲခြင်းကြီးစွာနဲ့ ငိုကြွေးနေကြတဲ့ အင်တာနက်အသုံးပြုသူတွေခမျာ တမုဟုတ်ချင်းဆိုသလို မရှူနိုင်မကယ်နိုင် ဖြစ်သွားကြရရှာသည်မှာ သတိလစ်လုနီးပါးပင်။ တဒင်္ဂလောက် တိတ်ကျသွားပြီးမှ စိတ်ခံစားချက်တွေက "အားးးးး"ခနဲ ပေါက်ကွဲထွက်လာလေတော့သည်။

【ခုနကပဲ ရုပ်ရှင်ထဲမှာ သေသွားတာလေ။ အခုတော့ လူရှေ့သူရှေ့မှာ ချစ်ပြနေကြပြန်ပြီတဲ့လား!】

【အားးးးး၊ အဲဒါ မယ်မယ်ရဲ့လက်ပဲလို့။ မနေ့ကလေးတင်ပဲ တွေ့လိုက်ကြရတဲ့ လက်စွပ်လေ။ အားးး!】

【အားလုံးပဲ မင်္ဂလာပါ။ ငါလေ ခုနလေးတင်ကပဲ အိမ်‌အောက်ဆင်းပြီး သုံးပတ်လောက် ပတ်ပြေးခဲ့ပြီးပြီ။ မရသေးဘူး။ ခုထိ စိတ်မငြိမ်သေးဘူးပဲ။ နောက်ထပ် ငါးပတ်လောက် ထပ်ပြေးလိုက်ဦးမယ်ဗျို့!】

【ဒါက လူသိရှင်ကြားချပြလိုက်တာမလား? လူသိရှင်ကြားချပြလိုက်တာမလား? ဟုတ်လားလို့?】

【အသက်ရှည်လေ ကြုံရဆုံရတာတွေများလေပဲတဲ့။ ဒါက "နောက်တစ်ကြိမ် ပြန်လည်မွေးဖွားလာပြီးတာတောင် မင်းကိုပဲ ထပ်ချစ်နေဦးမယ်"ဆိုတဲ့ ဇာတ်လမ်းများလား? အမေရေ၊ သမီး အိပ်တစ်ဝက်နိုးတစ်ဝက် ဖြစ်နေသေးတာလားဟင်?】

မျက်စိတစ်မှိတ်အတွင်း ဒီပို့စ်ကို တစ်ဆင့်ခံဖြန့်ဝေမှုတွေက ငါးသောင်းကျော်သွားကာ အကုန်လုံး ရူးသွပ်ကုန်ကြလေပြီ။ သမိုင်းထဲက ကျင်းယွမ်ဧကရာဇ်၊ သွမ်းဟွေ့ဧကရီတို့နဲ့ ချွတ်စွပ်တူတဲ့လူနှစ်ယောက်က လက်တွေ့ဘဝမှာ လက်တွဲထားကြသည်တဲ့လေ။ အရင်တုန်းကတော့ လူတိုင်းက ကိုယ့်ဘာသာ အခြေအမြစ်မရှိ ခန့်မှန်းပြီး အပျော်သဘောနဲ့ စနောက်နေခဲ့ကြခြင်းသာ။ အခုတော့ မမျှော်လင့်ထားစွာပဲ တကယ်ကြီးဖြစ်လာခဲ့ချေပြီ။

ဇာတ်လမ်းတွဲရဲ့ တရားဝင်ဝေးပေါ်အကောင့်ထ်ကလည်း မီးလောင်ရာလေပင့်လို့ ဒီပို့စ်ကို တစ်ဆင့်ခံဖြန့်ဝေလိုက်ကာ တွဲတင်ထားတဲ့ စကားလုံးတွေကတော့ : "မငိုပါနဲ့တော့ကွယ်။ မင်းတို့ကို သကြားလုံးတွေပို့ပေးမယ်" ဟူသတဲ့။ ခွေးခေါင်းအီမိုဂျီလေးတစ်ခုတောင် ထည့်ထားပေးကာ ကြည့်ရသည်မှာ တင်ပါးကို ခပ်ဆတ်ဆတ်လေး အရိုက်ခံချင်နေပုံရ၏။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now