Chapter //88//

6.1K 1.2K 52
                                    

UNICODE

အခန်း (၈၈) ကယ်ဆယ်ရေး

"ဒါကိုဘယ်လိုလုပ်ကြမလဲဟ?"

အမာရွတ်မျက်နှာက ခေါင်းကိုသာ တဗြင်းဗြင်းနဲ့ ကုတ်နေမိတော့တယ်။

ဓားစာခံတွေလည်းပျောက်၊ ဖုန်းလည်းပျောက်နေပြီလေ။

"ငါတို့ ဂူးဂဲလ်ခေါက်ကြည့်လို့ရလောက်မယ်။ ယွီအိမ်တော်ရဲ့ ဖုန်းနံပါတ်ကိုရှာဖို့။"

အရပ်ရှည်ရှည်လူကြီးရဲ့ ခေါင်းပေါ်မှာ မီးသီးလေးတစ်လုံး ဖြတ်ခနဲ လင်းလက်သွားတယ်။

"ဘယ်လိုရှာရမလဲ ငါသိတယ်။ ငါ ယွီအိမ်တော်ရဲ့ အိမ်နံပါတ်ကို မှတ်မိတယ်။"

လော့မြို့မှာရှိတဲ့ အဲဒီလူကုံထံရပ်ကွက်တွေအကုန်လုံးကို သူတို့တွေ သွားရင်းလာရင်း နည်းနည်းပါးပါး စူးစမ်းကြည့်ဖူးတယ်။ အရေးကြီးဆုံးကတော့ ယွီအိမ်တော်နားကနေလည်း ဖြတ်သန်းသွားလာခဲ့ဖူးတာကြောင့် အလျဉ်းသင့်စွာပဲ ပြန်ပေးဆွဲတုန်းက သက်တော်စောင့်တွေကို အဲဒီနားမှာ ပစ်ချထားခဲ့ခြင်းပင်။

"မင်းတကယ်ဉာဏ်ကောင်းတာပဲ!"

အမာရွတ်မျက်နှာက အရပ်ရှည်ရှည်လူကြီးကို တစ်ချက်ပုတ်လိုက်တယ်။

အခုယွီထုန်ကို ဆက်သွယ်ဖို့နည်းလမ်းမရှိတော့တာမို့ သူတို့အနေနဲ့ ပြန်ရွေးငွေကို ဒီလူဆီကနေ သွားတောင်းလို့ မရတော့ပေ။ အကုန်လုံးကို လွှတ်ချရင်လွှတ်ချ၊ မဟုတ်ရင် လမ်းအဆုံးထိသွားပြီး ယွီအိမ်တော်ကနေ ပိုက်ဆံတောင်းဖို့သာ ရှိတော့တယ်။

စစ်သူကြီးလူကွော်ကျုန်းက သက်တော်စောင့်တွေကို ခေါ်ပြီး အဝေးပြေးလမ်းမပေါ်ကို အလျင်စလို ရောက်သွားတဲ့အချိန် ရဲတွေကနေ အခင်းဖြစ်ပွားရာနေရာကို ချိတ်ပိတ်ထားပြီးဖြစ်ကာ ခေါင်းစွပ်ပါတဲ့ အနက်ရောင်အနွေးထည်ကို ဝတ်ဆင်ထားတဲ့ လူငယ်လေးတစ်ယောက်က ရဲတွေနဲ့ စကားပြောနေတယ်။

"အန့်ယီး!"

အဲဒီလူက နှစ်တစ်ဝက်ကျော်ကြာအောင် လေ့ကျင့်ရေးသွားဆင်းနေတဲ့ တူကူးအန့်မှန်း စစ်သူကြီးမင်းက မှတ်မိသွားတယ်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now