Chapter //56//

8.1K 1.3K 60
                                    

UNICODE

အခန်း (၅၆) အမှန်တရား

ယွီထန်ရဲ့ မိဘတွေက နိုင်ငံရပ်ခြားကို ရောက်နေကြတာကြောင့် အိမ်မှာ သူ့ရဲ့ ညီမလေးရယ်၊ ညီလေးနဲ့ အိမ်တော်ထိန်းတို့သာ ရှိနေခဲ့ကြတယ်။

ကောင်းကင်တစ်ခွင်လုံး မည်းမှောင်နေပြီဖြစ်ပြီး မင်းသမီးလေးယွီမြောင်ကတော့ မိန်းကလေးတွေက အိပ်ချိန်များများ ရှိမှသာ လှပလာမှာလို့ မိခင်ဖြစ်သူက ပြောထားတာကြောင့် အိပ်ရာဝင်သွားနှင့်ပြီ ဖြစ်တယ်။ လူကြီးတွေ အိမ်မှာ မရှိတာကြောင့် ကလေးလေးယွီလင်က သူ့ကိုယ်သူ အုပ်စိုးသူဧကရာဇ်အရှင်အဖြစ် သတ်မှတ်လိုက်ပြီး အခုချိန်ထိ အိပ်ရာမဝင်သေးပေ။

 စုန့်ရှောင်း ဧည့်ခန်းထဲကို ဝင်လာလိုက်ချိန် ဦးဆုံးမြင်လိုက်ရတာကတော့ ဆိုဖာအကြီးကြီးပေါ်မှာ ထိုင်နေတဲ့ ဖက်ထုပ်လုံးလေးတစ်လုံးကိုပဲ ဖြစ်တယ်။ ဘေးမှာ ပုံချထားတဲ့ ခေါင်းအုံးတွေပေါ်မှာ လက်လေးနှစ်ဖက်ကို မဟာဆန်ဆန် တင်ထားတာကြောင့် သူ့ပုံစံလေးက တော်ဝင်ညီလာခံ ကျင်းပနေသကဲ့သို့ပင်။ သူ့ခြေတံလေးတွေက ပုတိုတိုလေးတွေ ဖြစ်နေတာကြောင့် ဆန့်ထုတ်ထားရင်တောင်မှ ဆိုဖာအစွန်းကို မရောက်နိုင်တာမို့ သူက ခြေချိတ်ထိုင်နေခဲ့ကာ သူ့လက်ထဲမှာတော့ သရေစာပုံးကြီးတစ်ပုံးကို ကိုင်ထားခဲ့တယ်။

လှုပ်ရှားသံတွေ ကြားလိုက်ရတာကြောင့် ကောင်ငယ်လေးက ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်တော့ သူ့ရဲ့ ကိုကိုဖြစ်သူ ပြန်လာတာကို တွေ့လိုက်ရတယ်။ တီဗီရီမုကို ကောက်ကိုင်လိုက်ပြီး တီဗီကို လှမ်းပိတ်လိုက်ကာ သူလေးက 'ကူးလူး'ခနဲ မြည်အောင် ကုန်းထလိုက်ရင်း ထွက်ပြေးဖို့ ပြင်လိုက်တယ်။

ခြေတံရှည်ကြီးတွေနဲ့ ယွီထန်က ခြေလှမ်းကျယ်ကြီး နှစ်လှမ်းသုံးလှမ်းကို ခပ်သွက်သွက် လှမ်းလိုက်တယ်။ သူက ထွက်ပြေးလွတ်မြောက်ချင်နေရှာတဲ့ သူ့ရဲ့ ညီငယ်လေးကို ဖမ်းဆွဲလိုက်ပြီး ချီထားလိုက်တယ်။

စုန့်ရှောင်းကလည်း လျှောက်သွားလိုက်ပြီး ယွီလင်ရဲ့ ရိုးသားတဲ့ ဖိုးသခွားလေးသဖွယ် အမူအရာလေးကို ကြည့်လိုက်တယ်။ အဲဒီနောက်မှာတော့ လက်တစ်ဖက်က တီဗီရီမုကို ကောက်ကိုင်လိုက်ပြီး တီဗီကို ပြန်ဖွင့်လိုက်တယ်။ တီဗီပေါ်မှာ ခုနက ဖွင့်ထားတဲ့ ရုပ်သံလိုင်းကိုသာ ပြသနေဆဲဖြစ်ပြီး အဲဒါက ကာတွန်းကားတစ်ကား မဟုတ်ပဲ အခုတလောမှာ ရေပန်းစားနေတဲ့ 'ရိုမန့်တစ်ဆန်တဲ့ ဧကရာဇ်ကျင်းဟုန်' ဆိုတဲ့ တီဗီဇာတ်လမ်းတွဲပဲ ဖြစ်နေခဲ့တယ်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now