Extra //5.3// UNICODE

4.9K 549 31
                                    

အချပ်ပို (၅) ယွဲ့ရှရှောင်းထန် အပိုဒ်ခွဲ (၃)

နောက်တစ်နေ့ဝယ် ယွီကျင်ထန်သည် ညီလာခံရှိ မှူးမတ်အရာရှိများအား တော်ဝင်စာကြည့်ဆောင်၌ စုဝေးရန် ဆင့်ခေါ်လိုက်၏။

"ဧကရီအဖြစ် တင်မြှောက်မယ့်သူကို ငါကိုယ်တော်မြတ် ဆုံးဖြတ်တော်မူပြီးပြီ။"

ယွီကျင်ထန်က နဂါးပုလ္လင်တော်ထက်ထိုင်လျက် အေးအေးလူလူ ပြောလာသည်။

"ဘယ်အိမ်တော်က အမျိုးကောင်းသမီးပါလဲဘုရား?"

အမတ်ချုပ်ကြီးက အင်မတန်ကိုမှ သိလိုစိတ်ပြင်းပြနေ၏။

"ဘယ်အိမ်တော်ရဲ့အမျိုးကောင်းသမီးမှ မဟုတ်ဘူး။"

ယွီကျင်ထန်က ရယ်သွမ်းသွေးလိုက်သည်။

"တော်ဝင်ရုံးတော်က အမတ်တစ်ဦးပဲ။"

"အိုး၊ ရုံးတော်ကအမတ်ပေါ့။ ဒါဆို ဘယ်သူများလဲမသိ......"

အမတ်ချုပ်ကြီးကမူ မတုံ့ပြန်မိသေးပဲ ဆက်မေးလာသေးကာ ပြောနေရင်းတန်းလန်းနှင့်မှ ရုတ်တရက် နင့်ခနဲဖြစ်သွားပြီး ထိတ်လန့်တကြား မျက်လုံးပြူးကြည့်လာသည်။

"အရှင်မင်းကြီးကတော့ ဟာသတွေမိန့်တော်မူနေပြန်ပါပြီဗျာ......"

"ဟာသပြောနေတာမဟုတ်ဘူး၊ ငါကိုယ်တော်မြတ် စိတ်ဆုံးဖြတ်ပြီးသွားပြီ။"

ယွီကျင်ထန်က ထွက်သွားလို့ရပြီဖြစ်ကြောင်း လက်ခါပြလျက် အချက်ပြလာသည်။

"အရှင်မင်းကြီးဘုရား! လုံးဝလုံးဝမဖြစ်နိုင်ကြောင်းပါ!"

နယ်စားရုံးတော်အမတ်မင်းတင့်က ပထမဆုံးတုံ့ပြန်လာနိုင်ကာ ကြမ်းပြင်ပေါ်သို့ ဒုတ်ခနဲမြည်အောင် ဒူးထောက်ချလိုက်သည်။

အမတ်ချုပ်ကြီးလည်း ကမန်းကတမ်းဒူးထောက်ချလာ၏။ တော်ဝင်ရုံးတော်ရှိ မှူးမတ်များအားလုံးသည် ယောက်ျားသားများဖြစ်ကြသည်လေ။ အရှင်မင်းကြီးက တော်ဝင်ရုံးတော်မှ မှူးမတ်တစ်ဦးဦးအား ဧကရီအဖြစ် တင်မြှောက်လိုခြင်းသည် ယောက်ျားသားတစ်ယောက်ကို လက်ဆက်လိုခြင်းပါပင်။ ဤသည်ကား တသက်တွင်တစ်ခါမှပင် မကြားဖူးပါသည့် ပေါက်တတ်ကရကြီးသာ ဖြစ်ချေသည်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now