Chapter //31//

10.1K 1.7K 101
                                    

UNICODE

အခန်း (၃၁) ယယ်ယဲ့

အဲဒီ ခရက်ဒစ်မှတ်တွေက သက်ဆိုင်ရာ အတန်းပိုင်လောင်ရှီးတွေရဲ့ လစဉ်ဘောနပ်စ်နဲ့ တိုက်ရိုက် ဆက်စပ်နေတာ ဖြစ်တယ်။ အရင်တုန်းကတော့ ဒီအမှတ်တွေကို ပညာရေးရုံးခန်းကနေ မနှုတ်ချပစ်ခင် ချင့်တွက်စိစစ်မှု ပြုလုပ်ကြသေးပေမယ့် အခုကတော့ အဲဒီလုပ်ပိုင်ခွင့်ကို ကျောင်းသားသမဂ္ဂထံ အပြီးအပိုင် လွှဲပြောင်းအပ်နှင်းပြီးပြီ ဖြစ်တယ်။ အမှတ်နှုတ်ပစ်လိုက်ကြောင်း ကြေငြာလိုက်ပြီးသည်နှင့် ပြင်ဆင်ပြောင်းလဲနိုင်ခြင်း မရှိတော့ပေ။

တန်းခွဲ(၄)နဲ့ တန်းခွဲ(၅)တို့ရဲ့ အတန်းပိုင်လောင်ရှီးတွေကတော့ သူတို့ရဲ့ အတန်းတွေဆီကို ဒေါသမာန်ဟုန်ပြင်းစွာနဲ့ ပြန်သွားနှင့်ကြပြီ ဖြစ်ချိန်မှာ အထူးတန်း၊ တန်းခွဲ(၃)ရဲ့ အတန်းပိုင်လောင်ရှီးကတော့ သောက,ဝေစွာနဲ့ သက်ပြင်းသာချမိနေတော့တယ်။ 

တစ်ချက်လောက် မှန်းကြည့်လိုက်ရုံနဲ့ကို ဒီဘေးဒုက္ခကြီးက ဟိုကျောင်းသားလေးယောက်က သွားပြီး ရန်စ,ကြလို့ ဖြစ်တာမှန်း သိသာနေတယ်လေ!

နောင်လာတဲ့ နေ့ရက်တွေမှာတော့ အဆင်လေး လေးယောက်မှာ 'ကျောင်းသားသမဂ္ဂ ဥက္ကဌဖြစ်သူကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ခြင်းရဲ့ အကျိုးဆက်များ' ဆိုတာကို ဘက်ပေါင်းစုံကနေ နားလည်သဘောပေါက်လာရတော့တယ်။

မနက်ခင်း အပြေးလေ့ကျင့်ချိန်မှာ ရွှေဝါရောင် အားကစားဝတ်စုံတွေကို ဝတ်ဆင်ထားကြတဲ့ 4Gက အပြေးလေ့ကျင့်နေရင်း တခြားအတန်းတွေက သူတို့ရဲ့ ပရိသတ်လေးတွေကို လက်ယမ်းပြကာ နှုတ်ဆက်နေခဲ့ကြတယ်။ စစ်မှုရေးရာရုံးတော်မှ တာဝန်ကျကျောင်းသူလေးတွေကလည်း အမှတ်ပေးဇယားစာရွက်ကို ကိုင်ထားရင်း ပျော်ပျော်ကြီး ကြည့်နေခဲ့ကြတယ်။ အားကစားပညာရပ်ဆိုင်ရာဌာနရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ အပြေးလေ့ကျင့်ရာမှာ ပါဝင်ဖို့ မလိုတာကြောင့် ဒီရုံးတော်မှာ အများစုက မိန်းကလေးတွေ ဖြစ်ကြတယ်။

"ဟန်သခင်လေးက အားကစားဖိနပ်ကို ထပ်ပြောင်းလိုက်ပြန်ပြီဟဲ့..။"

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now