Chapter //29//

10.4K 1.7K 59
                                    

UNICODE

အခန်း (၂၉) နှလုံးသားလေး နာကျင်ခြင်း

ယွီထန်တစ်ယောက် အိပ်ရာဘေးမှာတင် မှင်သက်စွာနဲ့ ကြက်သေ,သေနေရင်း မိနစ်ဝက်လောက် ရပ်နေမိသွားတယ်။

သူ အခု ဘာကို မြင်လိုက်ရတာလဲဟင်?

ပူအိုက်နေတာကြောင့် ဖြစ်မယ်... ဖြူအုအု ခြေထောက်သွယ်သွယ်လေးတွေက ခြုံစောင်အောက်ကနေ ထွက်ပြူနေပြီး အဖြူရောင်အတွင်းခံဘောင်းဘီတိုလေးကို လှစ်ဟ,ပြနေတယ်။ အကောင်းမွန်ဆုံး ဆွဲသားနဲ့အောက်ခံဘောင်းဘီတိုလေးက တပ်မက်ဖွယ် ကောက်ကြောင်းတစ်နေရာကို ထွေးပတ်ထားတာက....

ယွီထန်တစ်ယောက် မရှုနိုင်မကယ်နိုင်နဲ့ သူ့ရဲ့ အာဒံပန်းသီးလေးက စုန်ချည်ဆန်ချည် ဖြစ်နေရင်း သူ့အကြည့်တွေကို အနှီ ညှို့ယူဖမ်းစားနိုင်စွမ်းတဲ့ တစ်နေရာကနေ ရွှေ့ပြောင်းလိုက်ရတော့တယ်။ အိပ်ရာဘေးအစွန်လေးမှာ ဖြည်းဖြည်းချင်း ထိုင်ချလိုက်ရင်း လက်တစ်ဖက်ကို ခေါင်းအုံးဘေးတစ်ဖက်မှာ ထောက်ထားလိုက်တယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရှာတဲ့ ကောင်ငယ်လေးကို ကြည့်နေရင်း အေးအေးလူလူ လက်လှမ်းလိုက်ပြီး ဖိအိပ်ထားတာကြောင့် နှင်းဆီသွေးရောင် သမ်းနေတဲ့ မျက်နှာလေးကို တို့ထိလိုက်တယ်။

"အွန်းးးး...."

စုန့်ရှောင်းက သူအိပ်နေတာကို လာနှောင့်ယှက်သူကြီးကို မောင်းထုတ်ဖို့ လက်တစ်ဖက်ကို ပင့်မြှောက်လိုက်ပေမယ့် ယွီထန်က ကြည့်တောင်မကြည့်ဘဲ လှမ်းဖမ်းလိုက်ပြီး သူ့လက်ထဲ ထည့်ကိုင်ထားလိုက်ကာ ခပ်ဖွဖွ ပွတ်သပ်လိုက်တယ်။

အနှီအထိအတွေ့တစ်ချက်က သူတို့နှစ်ယောက်စလုံးကို အလန့်တကြား ဖြစ်သွားစေတော့တယ်။

ပင်ကိုက နူးညံ့ချောမွေ့တဲ့ အသားအရေလေးက အခုတော့ ကြမ်းထော်နေတဲ့ ပိတ်ကျဲစ, ဖြစ်နေတာကြောင့် ယွီထန်က မဆိုင်းမတွ အဲဒီလက်လေးကို သူ့မျက်စိရှေ့ထိ ရောက်အောင် မြှောက်ကိုင်လိုက်ပြီး ဂရုတစိုက် စစ်ဆေးတော့တယ်။ အခုမှ မနက်ငါးနာရီသာ ရှိသေးတာကြောင့် ကောင်းကင်တစ်ခွင်လည်း လင်းလင်းချင်းချင်း မရှိသေးတာမို့ အဆောင်ခန်းက တစ်မျိုးတစ်ဖုံ မှောင်နေသေးပေမယ့် ဖွေးဆွတ်နေတဲ့ ပိတ်ကျဲစ,က သူ့အမြင်အာရုံထဲ ထိုးဖောက်ဝင်ရောက်လာခဲ့တယ်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now