Chapter //70//

7.7K 1.4K 53
                                    

UNICODE

အခန်း (၇၀) သက်တော်စောင့်

စုန့်ရှောင်း ယွီထန်ကို အလွန်အမင်း အံ့အားသင့်စွာနဲ့ မော့ကြည့်လိုက်မိတယ်။ 

ရေမြေ့သခင် ဧကရာဇ်အရှင်က တကယ့်ကြီး သူ့အမှားသူ ဝန်ခံတော်မူနေသဟ။

စုန့်ရှောင်း နှုတ်ခမ်းလွှာတို့ကို တင်းတင်းစေ့လိုက်မိတယ်။

"အရှင်မင်းကြီး... ဒီလိုပြုတော်မူဖို့ မလိုအပ်ကြောင်းပါ။"

ပြိုင်ဘက်ကင်းဧကရာဇ်အရှင်တစ်ပါးက 'မှားသွားပါတယ်' ဆိုပြီး စုန့်ရှောင်းရှေ့မှာ လာပြောနေတာကြီးက ကသိကအောက် ဖြစ်လွန်းသလို စုန့်ရှောင်းကိုတောင် နည်းနည်းလေး အားတုံ့အားနာ ဖြစ်သွားစေခဲ့တယ်။

"ဒါပေမဲ့... ငါကိုယ်တော်မြတ် မောင်မင်းကို အသစ်ပြန်ဝယ်ပေးမယ်ဆိုပေမဲ့လည်း တခြားလူတွေအရှေ့မှာ ရှောင်းပုလွေကို တီးမှုတ်ခွင့် မပြုဘူးနော်။"

ယွီထန်က စဉ်းစားကြည့်လိုက်ပြီး နောက်ထပ်စကားတစ်ခွန်း ထပ်ပေါင်းထည့်လိုက်တယ်။ ရှောင်းပုလွေတီးမှုတ်နေတဲ့ အမူအရာလေးက ညှို့ဓာတ်အပြည့်နဲ့ ဆွဲဆောင်မှု ရှိလွန်းတယ်။ အတိတ်ဘဝ သူတို့လက်မဆက်ရသေးခင် အချိန်တုန်းကဆို ယွီထန်က ဖော်ပြလို့ မရနိုင်လောက်အောင် လောဘကြီးသူ ဖြစ်ကာ မကြာမကြာဆိုသလို စုန့်ရှောင်းကို နန်းတော်တွင်း အခစားဝင်ခိုင်းပြီး ဥယျာဉ်တော်ထဲဝယ် သူ့အတွက် ရှောင်းပုလွေကို တီးမှုတ်ပြခိုင်းလေ့ရှိတယ်။

အရောင်ဖျော့ဖျော့ နှုတ်ခမ်းလွှာလေးတွေက သွယ်ပြောင်းတဲ့ ကျောက်စိမ်းပုလွေရှည်ရှည်လေးထက်မှာ ဖိကပ်ထားတာကို ရှုစားတော်မူနေရင်း တစ်လျှောက်လုံး သည်းညည်းခံချုပ်တည်းထားရတဲ့ ဧကရာဇ်အရှင်ခမျာ လက်သီးတင်းတင်း ဆုပ်လိုက်မိကာ သူ့ကိုယ်သူ အကြင်သူလက်ထောက်အမတ်မင်းလေးရဲ့ နှုတ်ခမ်းဖျားထက်က ကျောက်စိမ်းရှောင်းပုလွေအဖြစ် စိတ်ကူးမယဉ်ကြည့်ပဲ မနေနိုင်တော့ပေ။

'လရိပ်ရောင်ဝယ် တောင်ဝှေးပွင့်ငယ်' အမည်ရ တေးသွားတစ်သွယ်မှာ တမ်းတခြင်းဟူသည် အဟုန်ပြင်းပြင်း ပါရှိနေကြောင်းကို ရှောင်းပုလွေတီးမှုတ်သူနဲ့ ရှောင်းပုလွေသံသာ နားဆင်သူတို့ မသိရှိနိုင်ခဲ့ချေ။ ထိုသူတို့ သိရှိနိုင်ခဲ့သည်မှာ ရှောင်းပုလွေသံသာနဲ့ တူညီပြီး ပုံရိပ်ယောင်ပမာ လက်လှမ်းမမှီနိုင်တဲ့ ခံစားချက်ကိုသာ ဖြစ်လေတယ်။ 

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now