Chapter //45//

9.7K 1.5K 40
                                    

UNICODE

အခန်း (၄၅) တရုတ်နှစ်ကူးအကြိုနေ့

စုန့်ရှောင်းတစ်ယောက်တည်းသာ မဟုတ်... တခြားလူတွေလည်းပဲ 'ညံ့သက်သောသီအိုရီ' ဇာတ်ကားကို နားမလည် သဘောမပေါက်နိုင်ကြပေ။

"ဇာတ်ဝင်ခန်း အကူးအပြောင်းတွေက အရမ်းကို ရောထွေးနေပြီး ကမောက်ကမနဲ့။ သူတို့က အခုပဲ ယဇ်ပူဇော်ပွဲအခမ်းအနားမှာ ရှိနေတုန်းလေ... နောက်တစ်စက္ကန့်လည်းကျရော ဘယ်လိုလုပ်ပြီး တော်ဝင်နန်းတော်ထဲ ရောက်သွားရပြန်တာလဲဟ?"

"အဝတ်အစားတွေကလည်း ရုပ်ဆိုးလိုက်တာဆိုတာ။ ဘာကို 'တစ်တိုင်းပြည်လုံးရဲ့ နံပါတ်တစ် အလှပဂေးလေး' လဲ... အဲ့လိုသာဆို ဒီရုပ်ရှင်ထဲက ယောက်ျားတွေအားလုံး ကန်းနေလို့ပဲနေမှာ။"

"အပေါ်ထပ်ရေ... မင်း နားမလည်ပါဘူးကွာ။ ဒီရုပ်ရှင်ထဲမှာ ပါတဲ့သူတိုင်းရဲ့ အဝတ်အစားတွေက အကုန်လုံး တကယ်ကို ရုပ်ဆိုးတာကွ... သူတို့ တစ်ယောက်ချင်းစီတိုင်းက ဒုက္ခသည်တွေနဲ့ တူနေတော့တာပဲ။ ဇာတ်လိုက်အမျိုးသမီးက ရိုးရိုးသာမန် အဝတ်အစားပဲ ဝတ်ထားရင် တစ်တိုင်းပြည်လုံးရဲ့ နံပါတ်တစ် အလှပဂေး မဟုတ်တော့ဘူးလားလို့?"

ဇာတ်ကြောင်းကလည်း ခေါင်းရှုပ်စရာ၊ ဇာတ်ကွက်အကူးအပြောင်းတွေကလည်း သဘာဝမကျ၊ စကားပြော ဒိုင်ယာလော့တွေကလည်း အဓိပ္ပာယ်မရှိတဲ့အပြင် အစပိုင်းမှာတုန်းက Box Office အတွက် ဝင်ငွေအတော်များများကို ဆွဲဆောင်ပေးနိုင်တဲ့ ရုပ်ရှင်ဧကရာဇ်နဲ့ ရုပ်ရှင်ဘုရင်မ,တောင်မှ ပုံဆိုးပန်းဆိုး အဝတ်အစားတွေ ဆင်မြန်းပေးခြင်း ခံထားရပေတယ်။ ပရိသတ်တွေကတော့ ဆက်တိုက်ဆိုသလို သူတို့ရဲ့ အိုင်ဒေါလ်တွေက ဒီရုပ်ရှင်ကြောင့် နစ်နာသွားရပြီလို့ ပေါက်ကွဲနေကြလေပြီ။ သူတို့ရဲ့ နှလုံးသားထဲက သူတို့အိုင်ဒေါလ်တွေရဲ့ ပုံရိပ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် သူတို့က ဒီရုပ်ရှင်ကို သွားမကြည့်ကြတော့မှာ ကျိန်းသေပဲ ဖြစ်တယ်။

အွန်လိုင်းပေါ်မှာလည်း 'ညံ့သက်သောသီအိုရီ' ရုပ်ရှင်အတွက် ရီဗျူးတွေအကုန်လုံးက Low Ratingတွေ ပေးနေကြတာချည်းပဲ ဖြစ်တယ်။ စီးပွားဖြစ် ရုပ်ရှင်တစ်ကားအဖြစ်၊ ဆိုးဝါးတဲ့ ဇာတ်ကားတစ်ကားအဖြစ် သတ်မှတ်ခံထားရပြီး Box Officeရဲ့ ဝင်ငွေအခြေအနေကလည်း တော်တော်ကြီးကို ဆိုးရွားနေတော့တယ်။ ရုံတင်ပြီး ပထမတစ်ပတ်မှာသာ ခုံနေရာတွေလည်း အများကြီး စီစဉ်ထားခဲ့တာကြောင့် Box Officeကနေ အကျိုးအမြတ်တချို့ ရနိုင်ခဲ့တာ ဖြစ်ပြီး အဲဒီမှာမှ ယွီထန်နဲ့ စုန့်ရှောင်းလိုမျိုး အကြောင်းမသိပဲ သွားကြည့်မိကြတဲ့ အားအားယားယား အတွဲတွေသာ ရှိကြတယ်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now