Chapter //32//

9.2K 1.7K 84
                                    

UNICODE

အခန်း (၃၂) ကိုယ်ဝန်ပျက်ကျခြင်း

"ဒါက ဘာသဘောလဲကွ?"

သတင်းစာရှင်းလင်းပွဲ ပြီးဆုံးသွားပြီးနောက်မှာ စုန့်ဇီချန်က ကျွော်ကျင်းကျင်းကို ကားထဲ ဆွဲခေါ်ပြီး အေးစက်စွာနဲ့ စစ်ဆေးမေးမြန်းတော့တယ်။

"ကျွန်မ လုပ်နိုင်တာ ဘာရှိသေးလို့လဲ?"

ကျွော်ကျင်းကျင်းက သူမရဲ့ မျက်နှာကို ကာထားရင်း ငိုကြွေးတော့တယ်။

"ဒီနေ့ ရှင်က ကျွန်မနဲ့ ပြောစရာရှိတယ်ဆိုပြီး လာရှာတာလေ။ ပြောမယ့်စကားက ဒီကလေးကို ရှင်းထုတ်လိုက်ဖို့ အကြောင်းပဲ မဟုတ်လား?"

စုန့်ဇီချန်တစ်ယောက် တိတ်ကျသွားတယ်။

ဆိုတော့ကာ... အခြေအနေက ပိုဆိုးတဲ့ဘက်ကို ဦးတည်သွားရတဲ့ အကြောင်းရင်းက မနေ့ညက သူဖုန်းခေါ်လိုက်တာကြောင့်ပေါ့လေ...။

"ငါက မင်းနဲ့ အဲဒီအကြောင်း ဆွေးနွေးချင်ရုံလေးတင်ပါ။ ငါက မင်းကို ကိုယ်ဝန်ဖျက်ချဖို့ တိုက်တွန်းနေလို့လား? မင်းလုပ်ရပ်ကို ပြန်ကြည့်ကြည့်လိုက်စမ်း။ မီဒီယာတွေ အားလုံးရဲ့ ရှေ့မှာ ဒီကိစ္စကို ကြေငြာလိုက်တယ်ပေါ့လေ... ငါ့ကို ဒီလိုနည်းနဲ့ ချိန်းခြောက်နိုင်မယ်လို့ ထင်လား?"

ကျွော်ကျင်းကျင်း‌ ခေါင်းမော့လိုက်ချိန်မှာတော့ စုန့်ဇီချန်ရဲ့ ဒေါသမီးတောက်နေတဲ့ မျက်ဝန်းတစ်စုံကို ရင်ဆိုင်လိုက်ရတယ်။ သူမရဲ့ အတွင်းစိတ်ထဲမှာတော့ အနည်းငယ် ထိတ်လန့်နေမိတယ်။ အဆုံးမှာတော့ ဒီလူကြီးက အနုပညာအသိုင်းအဝိုင်းထဲမှာ ိနှစ်ပေါင်းများစွာ ကျင်လည်ခဲ့တာ။ သူ့မှာ အားနည်းချက်တွေ ရှိနေခဲ့တယ်ဆိုရင်တောင်မှ သူ့ရဲ့ ကျွမ်းကျင်မှုနဲ့ အဆက်အသွယ်တွေက လစ်လပ်မနေခဲ့ပေ။ ကျွော်ကျင်းကျင်းသာ သူ့ကို အမှန်တကယ် ထိပါးမိခဲ့မယ်ဆိုရင် သူ့အနေနဲ့ သူမကို ဖျက်ဆီးပစ်လိုက်ဖို့က အလွန်လွယ်ကူလွန်းတယ်။

ကျွော်ကျင်းကျင်း အံကြိတ်လိုက်မိတယ်။ 

မထင်မရှား C-list ကြယ်ပွင့်လေးတစ်ပွင့် အဖြစ်ကနေ သူမရဲ့ အဆက်အသွယ်တွေအပေါ် မှီတည်ကာ ထိပ်ဆုံးတစ်နေရာကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပြီး ခါးသီးမှုပေါင်း များစွာကိုလည်း ခါးစီးခံခဲ့ရတာ ဖြစ်တယ်။ တောင့်တင်းတဲ့ ကျောထောက်နောက်ခံ တစ်ခုခုသာ ရှိမနေခဲ့ဘူးဆိုရင်တော့ သူမရဲ့ အနာဂတ်လမ်းကြောင်းကလည်း ခလုတ်ကန်သင်းခင်းတဲ့ ခယောင်းလမ်းတစ်သွယ် ဖြစ်နေအုံးမှာပဲ...။ ဒါကြောင့် သူမရဲ့ အရာအားလုံးကို ရင်းပြီး ဒီကိစ္စကို ဆက်လုပ်မှ ဖြစ်မယ်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now