Chapter //13//

11.5K 1.9K 46
                                    

UNICODE

အခန်း (၁၃) အပြစ်ဒဏ်

သူ့အိပ်ရာဘက်ကို ထ,ထွက်သွားပြီဖြစ်တဲ့ ယွီထန်တစ်ယောက် လမ်းခုလတ်မှာတင်ပဲ ရုတ်တရက်‌‌ တောင့်တင်းသွားရပြီး ဖြည်းဖြည်းချင်း လှည့်ကြည့်လာခဲ့တယ်။

"မင်း... မင်း ဘာပြောလိုက်တာ..."

စုန့်ရှောင်းက သူ့ကို ငေးကြည့်နေပြီးမှ ခြုံစောင်ကို ဖြည်းညင်းစွာ ဆွဲတင်ပြီး သူ့မျက်နှာတစ်ဝက်ကို ဖုံးအုပ်ထားလိုက်တယ်။

"ငါ ဘာမှ မပြောလိုက်ပါဘူး။"

ယွီထန်က စုန့်ရှောင်းရဲ့ အိပ်ရာဘေးကို ခပ်သွက်သွက်လေး ပြန်လာလိုက်ပြီး စုန့်ရှောင်းကို စူးစိုက်ကြည့်ရင်း သူ့နှုတ်ခမ်းတွေကို တင်းတင်းစေ့လိုက်တယ်။ တဒင်္ဂလောက် တိတ်ဆိတ်နေပြီးကာမှ သူက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး စုန့်ရှောင်းကို ငေးကြည့်လာခဲ့ပြန်တယ်။

"ကျွင်းကျူ...။"

"အွန်း..."

စုန့်ရှောင်းက တုံ့ပြန်လိုက်ပြီးကာမှ သူ့တစ်ကိုယ်လုံးကို ခြုံစောင်ထဲ နစ်မြုပ်စေလိုက်တယ်။

ယွီထန်က ဖြည်းဖြည်းချင်း လက်လှမ်းလိုက်ပြီး ခြုံစောင်ကို အသာလေး ဆွဲချလိုက်တော့ ရှက်သွေးဖြန်းစွာ ပန်းနုရောင်လွှမ်းနေတဲ့ နှာခေါင်းထိပ်လေး ပေါ်ထွက်လာခဲ့တယ်။

"ဒီလောက်တောင် တင်းနေအောင် ခြုံထားတာ မွန်းမနေဘူးလား?"

စုန့်ရှောင်း : "........"

ဒီအချိန်မှာပဲ အောက်ထပ်ကနေ အဆောင်ကြီးကြပ်ရေးမှူး ဦးလေးကြီးရဲ့ မိုးမြေတုန်ဟီးမတတ် အော်ဟစ်ပြောဆိုသံကြီးက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့တယ်။

"အခု ဘယ်အချိန် ရှိနေပြီလဲကွ!"

"ရှူး__"

စုန့်ရှောင်း ယွီထန်ကို စကားပြောနေတာရပ်ပြီး မြန်မြန် သွားအိပ်တော့ဖို့ အချက်ပြလိုက်တယ်။ အဆောင်ကြီးကြပ်ရေးမှူးဆီကနေ အမိခံလိုက်ရရင် သူတို့ရဲ့ ခရက်ဒစ်မှတ်တွေ အလျှော့ခံရလိမ့်မယ်။

ယွီထန်က သူ့ကို ကြည့်နေလိုက်ပြီးတော့မှ စကားတစ်ခွန်းတစ်ပါဒမှ ထပ်မဆိုတော့ပဲ သူ့အိပ်ရာဆီ ပြန်သွားတော့တယ်။ သူက အမြဲတမ်း အပြောအဆို မတတ်၊ စကားမကြွယ်တဲ့သူတစ်ယောက် ဖြစ်တာမို့ ပြောချင်တဲ့စကားတွေ အများကြီး ရှိနေတာတောင်မှ သူ့ရင်ထဲမှာပဲ သိမ်းထားနိုင်ပြီး လဲလျောင်းအိပ်စက်လိုက်ရုံကလွဲလို့ မတတ်နိုင်ခဲ့ပေ။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now