Chapter //48//

8.1K 1.3K 16
                                    

UNICODE

အခန်း (၄၈) ရင်းနှီးမြှုပ်နှံမှု

"ဘာလဲ... မင်းက မလုပ်ချင်လို့လား?"

Role-play လုပ်ရတာကို စွဲလန်းနေပုံရတဲ့ ယွီထန်က စုန့်ရှောင်းကို ပက်လက်လေး ဆွဲလှန်လိုက်ပြီး အိပ်ရာပေါ် ဖိထားလိုက်ကာ လက်ချောင်းလေးတစ်ချောင်းနဲ့ စုန့်ရှောင်းရဲ့ ပါးမို့လေးကို ပွတ်သပ်နေလိုက်တယ်။

"ကျွန်တော်မျိုး... အွန့်..."

စကားလုံးလေးတွေ ထွက်လာခါနီး စုန့်ရှောင်းရဲ့ နှုတ်ခမ်းဝ,လေးက ယွီထန်ရဲ့ နှုတ်ခမ်းလွှာတို့နဲ့ ချိတ်ပိတ်ခြင်း ခံလိုက်ရတယ်။

ဒီလိုအချိန်မျိုးမှာ နိုင်ထက်စီးနင်းဆန်တဲ့ ဥက္ကဌအနေနဲ့ လုပ်နိုင်တာဆိုလို့ ငြင်းဆိုချက်တွေ ထုတ်ပြန်ပြောဆိုဖို့ ကြိုးပမ်းနေတဲ့ အလှလေးကို တားဖို့ လက်တွေ့ကျကျ လုပ်ဆောင်ချက်တွေ အသုံးပြုလိုက်ပြီး စာချုပ်မှာ လက်မှတ်ထိုးဖို့ သူ့ကို ဖိအားပေးဖို့ပင်။

"စာချုပ်ချစ်သူတစ်ယောက်အနေနဲ့ မင်းက ဘယ်အချိန်မဆို အဆင်သင့် ဖြစ်နေရမယ်။ ကိုယ်က မင်းကို လိုအပ်လာတာနဲ့ ကိုယ့်ရဲ့ လိုအင်တွေကို ကျေနပ်စရာဖြစ်အောင် ဖြည့်ဆည်းပေးရမယ်။"

ယွီထန်က လက်ထောက်ပြီး သူ့ခန္ဓာကိုယ်ကို ထောက်ကန်ထားကာ စုန့်ရှောင်းကိုယ်ပေါ်ကနေ အုပ်မိုးထားလိုက်ရင်း အကြင်နာတရား ကင်းမဲ့နေတဲ့ လေသံနဲ့ စကားဆိုလာခဲ့တယ်။

"ကျွန်တော်မျိုးရဲ့ ခန္ဓာကိုယ်က ခုထိ...."

ကူကယ်ရာမဲ့နေတဲ့ စုန့်ရှောင်းခမျာ ဧကရာဇ်အရှင်နဲ့အတူ နှစ်ပါးသွားဇာတ်ကို ဆက်က,ပေးဖို့သာ တတ်နိုင်တော့ပေတယ်။

"အိုး..."

ယွီထန်က လေသံအတက်အကျ မရှိစွာနဲ့ ပြောလာခဲ့တယ်။

"ငါကိုယ်တော်မြတ်က မောင်မင်းကို စောင့်ဆိုင်းတော်မူပေးရမှာပေါ့။"

အတိတ်ဘဝက ခင်ပွန်းသည်ရဲ့ စာချုပ်ချစ်သူ ဖြစ်ပေးဖို့ ကတိပေးနေရတယ်တဲ့...

စုန့်ရှောင်းတစ်ယောက် တကယ်ကို ဘာပြောရမလဲတောင် မသိတော့ပေ။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now