Chapter //82//

6.5K 1.2K 16
                                    

UNICODE

အခန်း (၈၂) မဟာဗျူဟာ

တစ်ဆက်ကြီးမျိုးဆက်တွေကြား ဘယ်လိုအငြိုးအတေးမျိုး ရှိခဲ့သလဲဆိုတာ ဂရုမစိုက်ပေမဲ့ မုရှားရဲ့စကားတွေကို ကြားလိုက်ရတော့ အဲဒီကိစ္စက စီးပွားရေးနဲ့ပတ်သက်တဲ့ သဘောထားကွဲလွဲမှုမျိုးမဟုတ်ပဲ အိမ်ကအဖေကြီးနဲ့ ရှောင်းကျန့်ချင်းကြားက ကိုယ်ရေးကိုယ်တာပြသနာဖြစ်ဖို့များတယ်ဆိုတာ စုန့်ရှောင်းသိလိုက်ရတယ်။ ဒီလိုဆိုရင်တော့ အခက်တွေ့ရလေပြီ။ တကယ်လို့ နှစ်ယောက်သားက အကျိုးအမြတ်ကြောင့် ရေစက်ဖြတ်ခဲ့တာဆိုရင်တော့ လုံလုံလောက်လောက် ကောင်းမွန်တဲ့ ကမ်းလှမ်းချက်မျိုးနဲ့ ဆွယ်လိုက်မယ်ဆိုရင် ဒီရွှေတံဆိပ်အဆင့်အင်တာတိန်းမန့်ထ်ကုမ္ပဏီမန်နေဂျာကို ပြန်ခေါ်နိုင်ဦးမှာပင်။ ဒါပေမဲ့လို့ ဒီလိုမရှင်းမရှင်းပြသနာမျိုးဆိုရင်တော့... ...

စုန့်ရှောင်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး မုရှားနဲ့ များများစားစား ဆက်မပြောဖြစ်လိုက်ပေ။ သုံးလေးငါးခွန်းလောက် ထပ်ပြောပြီးသွားတော့ ပြန်ဖို့ပြင်လိုက်တယ်။ ဆိုင်ပြင်ကိုထွက်လိုက်တာနဲ့ မုရှားရဲ့ မန်နေဂျာဖြစ်သူနဲ့ ဆုံလိုက်ရတယ်။

"ကျွန်တော်မျိုးရဲ့ သခင်မကြီးရေ၊ ရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့လုံး မင်းကိုရှာနေတယ်ဟ။"

မန်နေဂျာခမျာ ချွေးတဒီးဒီးကျလို့ ဟောဟဲလိုက်နေခဲ့တယ်။ ပင်ကိုအားဖြင့်တော့ ဒီဇာတ်ကောင်နေရာအတွက် သရုပ်ဆောင်ခဘာညာ ရရှိမှာမဟုတ်ပေမဲ့ အခန်းခတွေ၊ ပြည်ပထွက်ခွာစရိတ်တွေ၊ အဝတ်အစားကုန်ကျစရိတ်တွေနဲ့ အဆက်အသွယ်တွေကို ထည့်ပေါင်းလိုက်ရင်တော့ ကိုယ့်လူကို သရုပ်ဆောင်ခပေးထားသလိုပဲမို့ သူတို့အနေနဲ့ ဇွတ်တရွတ်လုပ်ပိုင်ခွင့်မရှိပေ။

"ကျွန်မကိုရှာပြီး ဘာလုပ်မလို့လဲ? ကျွန်မရိုက်ရမယ့်အခန်းတွေ အကုန်ပြီးသွားပြီလေ။"

မုရှားက မျက်ဆံလှန်လိုက်တယ်။

"အဲလိုဆိုရင်တောင် မင်းက ဘာမပြောညာမပြောနဲ့ ခြေခါလက်ခါပြီး ထွက်သွားလို့ ရရောလားဟ? ရှိနေတဲ့သူတွေအကုန်လုံးက ဟောလီးဝုဒ်ရဲ့ ထိပ်တန်းအဆင့် ကြယ်ပွင့်တွေချည်းပဲလေ။"

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now