Chapter //58//

9.3K 1.4K 75
                                    

UNICODE

အခန်း (၅၈) ချစ်ကြည်နူး တစ်တီတူး

မျက်တောင်တစ်ခတ်အတွင်းမှာပဲ မနက်ဆယ်နာရီ ထိုးသွားလေပြီ။ နေရောင်ခြည်က အပြာရောင်ဖျော့ဖျော့ ပြတင်းပေါက်လိုက်ကာစကို ဖြတ်ပြီး ဖြာကျနေကာ တစ်ခန်းလုံးကို နွေးထွေးဇိမ်ကျဖွယ် ဖြစ်စေခဲ့တယ်။ စုန့်ရှောင်းက ယွီထန်ရဲ့ ရင်ခွင်ထဲမှာ လဲလျောင်းနေခဲ့ကာ နေရောင်ခြည်က သူ့ရဲ့ မွေးပွပွ ဆံခြည်မျှင် တစ်မျှင်ချင်းစီကို မီးမောင်းထိုးပြနေသလို ဖြစ်နေပြီး သူ့လည်တိုင်ပေါ်က အနီရဲရဲ အမှတ်အသားတွေကိုလည်း ထင်ပေါ်နေစေခဲ့တယ်။

ယွီထန်က ဘဝင်ခိုက်စွာနဲ့ ဘယ်ကြည့်လိုက် ညာကြည့်လိုက် လုပ်နေခဲ့ပြီး အသက်ပြင်းပြင်း ရှူနေတဲ့ ဖြူအုအု မျက်နှာလေးကို အကြင်နာအနမ်း ခြွေချဖို့အတွက် အနားကို တိုးကပ်သွားခဲ့တယ်။

မနေ့ညက သူတို့ ပြီးဆုံးသွားတဲ့အချိန်မှာ အရမ်းကို နောက်ကျနေခဲ့ပြီ ဖြစ်တယ်။ စုန့်ရှောင်းကတော့ လက်ချောင်းလေးတစ်ချောင်းကိုတောင် မ မ,ချင်တော့တဲ့အထိ ပင်ပန်းလွန်သွားခဲ့လေတယ်။ လန်းဆန်းတက်ကြွမှု အပြည့်နဲ့ ယွီထန်ကပဲ စုန့်ရှောင်းကို ရေချိုးခန်းထဲအထိ ချီသွားပေးပြီး ရေမိုးချိုးသန့်စင်ပေးခဲ့ကာ အိပ်ရာခင်းတွေကိုတောင်မှ သူကိုယ်တိုင် လဲလှယ်လိုက်သေးတယ်။ အဲဒီနောက်မှသာ မျက်လုံးတောင် ဖွင့်မနိုင်တော့တဲ့ ဧကရီလေးကို ပွေ့ဖက်ရင်း အိပ်ရာဝင်ခဲ့တာ ဖြစ်တယ်။ ဒါကြောင့် အခု စုန့်ရှောင်းရဲ့ ခန္ဓာကိုယ်လေးက သန့်ရှင်းလတ်ဆတ်နေခဲ့ကာ ယွီထန်ကို ပွေ့ဖက်ထားရာကနေ လွှတ်မပေးချင်လောက်အောင် ဖြစ်နေစေခဲ့တယ်။

"အွန်း... ..."

စုန့်ရှောင်းကတော့ ရေဘဝဲကြီးတစ်ကောင်က သူ့ကို ရစ်ပတ်တွယ်တက်နေတယ်ဆိုပြီး အိပ်မက်မက်နေလေရဲ့။ သူ့ရဲ့ ခပ်ကြမ်းကြမ်း လက်တံရှည်ကြီးတွေက သူ့လည်တိုင်ကနေ ခါးအထိ တစ်လျှောက်လုံး ပွတ်သပ်နေခဲ့ပြီး သူ့တစ်ကိုယ်လုံးကို ပတ်ပတ်လည် ရစ်ပတ်ထားကာ သူ့ခါးကနေမှ သူ့တင်ပါးအထိ ဖြည်းဖြည်းချင်း သက်ဆင်းသွားခဲ့ပြီး တင်ပါးနှစ်လုံးကြား အက်ကြောင်းနေရာလေးကို ရိသဲ့သဲ့နဲ့ လာဖိနေတယ်တဲ့။ အိပ်မက်ကြောင့် လန့်နိုးသွားခဲ့တဲ့ စုန့်ရှောင်းက မျက်ခုံးတွေကို တွန့်ကြုံ့လိုက်ပြီး မျက်ဝန်းတွေကို ဖွင့်လိုက်တော့ ဧကရာဇ်အရှင်ရဲ့ ပေါကြောင်ကြောင် အပြုံးကြီးတစ်ပွင့်ကို မော်ဖူးလိုက်ရလေတယ်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now