Chapter //37//

9.8K 1.7K 85
                                    

UNICODE

အခန်း (၃၇) အခက်တွေ့ခြင်း

ယောက်ျားလေးတွေက ဘက်စကက်ဘောဆော့ရတာကို သဘောကျကြတယ်။ ချန်ရှင်းရန်က စကတ်တိုတိုလေး ဝတ်ထားတာ ဖြစ်တာကြောင့် သူတို့ ဘက်စကက်ဘော သွားကစားကြမယ်ဆိုတာက သူမနဲ့ တူတူ မဆော့ချင်ဘူးဆိုတာ သိသာလှတယ်။

ချန်ရှင်းရန် မျက်နှာပေါ်က အပြုံးမှာ တောင့်ခဲသွားရသလို ချန်ကတော်လည်းပဲ သူမရဲ့ မျက်နှာထားကို မထိန်းထားနိုင်ဘူး ဖြစ်သွားတော့တယ်။

"ဒီကလေးကတော့လေ...."

မာမားယွီက အပြစ်တင်တဲ့လေသံနဲ့ ဒီတစ်ခွန်းသာ ပြောလိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။

"သွားကြရအောင်။ လက်ဖက်ရည်ခန်းထဲ သွားကြမယ်လေ။ မနေ့တုန်းက ကြွေထည်လက်ဖက်ရည်ခွက် လှလှလေး တစ်စုံ လက်ဆောင်ရထားတယ်ရယ်။"

ချန်ကတော်ကလည်း အပြုံးတစ်ပွင့်နဲ့ သဘောတူလိုက်ပြီး မာမားယွီနောက်ကို လိုက်မသွားခင်လေးမှာ သူမ သမီးကို အဓိပ္ပာယ်ပါပါနဲ့ အကြည့်တစ်ချက် ပေးလိုက်တယ်။ ချန်မိသားစုကလည်း ချို့တဲ့နေတာမျိုး မဟုတ်ပေမယ့် သူမတို့ရဲ့ မျိုးနွယ်စုက ကျယ်ပြန့်လှတယ်။ Aမြို့ကြီးတစ်မြို့တည်းမှာတင်ကို မိသားစုခွဲသုံးစု ရှိနေပြီး သူမ ခင်ပွန်းကလည်း တစ်စုအပါအဝင် ဖြစ်တယ်။ ဒါက တရုတ်ပြည်မှာ ယွီမိသားစုရဲ့ အာဏာတစ်ဝက်လောက်ကို ပိုင်စိုးထားတဲ့ ယွီထန်ရဲ့ အဖေနဲ့ နှိုင်းယှဉ်လို့တောင် မရနိုင်ပေ။

ချန်ရှင်းရန်ကလည်း တစ်ချက် စဉ်းစားလိုက်ပြီးနောက် ယွီထန်ရဲ့ နောက်ကို လိုက်သွားလိုက်တယ်။

ယွီမိသားစုစံအိမ်မှာ ဘက်ပေါင်းစုံအတွက် အသုံးပြုနိုင်မယ့် ပစ္စည်းပစ္စယမျိုးစုံ ရှိတယ်။ တင်းနစ်ကွင်း၊ ဘက်စကက်ဘောကွင်းအပြင် ပတ်ပတ်လည်က မြက်ခင်းပြင်ကြီးကိုတောင် အသေးစားဂေါ့ဖ်ကွင်းလေးအဖြစ် ဖန်တီးထားတယ်။

စုန့်ရှောင်းက ခုထိ ဘက်စကက်ဘောကစားတာကို မသင်ရသေးတာကြောင့် ယွီထန်က အရင်ဆုံး ဘောလုံးပုတ်ပုံပုတ်နည်းကို သင်ပေးလိုက်တယ်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now