Chapter //51//

8.6K 1.4K 74
                                    

UNICODE

အခန်း (၅၁) အတန်းခွဲခြင်း

ဧကရာဇ်အရှင်က လူမှုရေးဘာသာရပ်တွေမှာ တကယ်ကြီး ချာတူးလံလှသူ ဖြစ်ပြီး သူ့အတွက် သိပ္ပံဘာသာတွဲကို လေ့လာရုံကလွဲလို့ ရွေးချယ်စရာ မရှိပေ။ ဒီကိစ္စက တကယ့်ကို ယုတ္တိမတန်ဘူးလို့ စုန့်ရှောင်း ခံစားရတယ်။ 

ဘာပဲပြောပြော ယွီထန်က ရှေးခေတ်က လာတဲ့သူမို့ အတွေးအခေါ်ပိုင်းဆိုင်ရာမှာဆိုရင် ရှေးဆန်နေတာပဲလေ... လူမှုရေးဘာသာရပ်တွေကို ပိုပြီး လွယ်လွယ်ကူကူ သင်ယူနိုင်နေရမှာကို။

လျှပ်တပြတ်အတွင်းမှာပဲ အထက်တန်း ပထမနှစ်ရဲ့ ဒုတိယစာသင်နှစ်ဝက်အဆုံးကို ရောက်ရှိလာလေပြီ။ စုန့်ရှောင်းရဲ့ ရလဒ်တွေကတော့ အလယ်နားလောက်မှာသာ ရှိနေဆဲပင်။ အတန်းခွဲပြီးတာနဲ့ သိပ္ပံဘာသာရပ်တွေကို သင်ယူဖို့ မလိုတော့ကြောင်း ကြားလိုက်ရပြီးကတည်းက စုန့်ရှောင်းက ရူပဗေဒဘာသာရပ်မှာ အရင်လိုမျိုး အပတ်တကုတ် ကြိုးစားမနေတော့ပဲ သူ့အမှတ်တွေကို ကျချင်သလို ပေးကျထားလိုက်တော့တယ်။ သူ့ရဲ့ ရူပဗေဒအိမ်စာတွေဆိုလည်း ဧကရာဇ်အရှင်ထံကို တွန်းပို့ခြင်း ခံလိုက်ရတော့တယ်။

"မောင်မင်းက ငါကိုယ်တော်မြတ်ကို မောင်မင်းရဲ့ အိမ်စာကို လုပ်ပေးဖို့ စေခိုင်းရလောက်တဲ့အထိ ရိုင်းပျနေပြီပေါ့လေ?!"

ယွီထန်က စုန့်ရှောင်းတစ်ယောက် ရူပဗေဒလေ့ကျင့်ခန်းစာအုပ်တွေကို သူ့ဆီ ထိုးထည့်ပေးလာတာ ကြည့်နေရင်း မျက်လုံးတွေပါ ပြူးလာတော့တယ်။

"အရှင်မင်းကြီးက ဒါတွေကို လေ့ကျင့်တော်မူဖို့ လိုအပ်ကြောင်းပါ ဘုရား။"

စုန့်ရှောင်းက အလွန်အမင်း လေးနက်နေတဲ့ မျက်နှာထားနဲ့ ပြောလာခဲ့တယ်။ ဧကရာဇ်အရှင်ရဲ့ လူမှုရေးဘာသာရပ် အိမ်စာတွေကို ကူလုပ်ပေးရင်း မေးခွန်းတိုင်းကို မှတ်မိသွားတာကြောင့် စုန့်ရှောင်းအနေနဲ့ အဲဒီစာတွေကို မျက်စိစုံမှိတ်ပြီး အလွတ်ကျက်မှတ်နေစရာ မလိုတော့ပေ။ ဒါက အမှန်တကယ်ကို နည်းလမ်းကောင်းတစ်ရပ်ဖြစ်တယ်လို့ ထင်မိတာကြောင့် စုန့်ရှောင်းက ဧကရာဇ်အရှင်ကို အကြံပြုပေးလိုခြင်း ဖြစ်တယ်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now