Chapter //100//

6.8K 1.1K 21
                                    

UNICODE

အခန်း (၁၀၀) မော့ယယ်

ဒီလိုနဲ့ပဲ တစ်အိမ်လုံးဟာ ထူးဆန်းနေတဲ့ လေထုအခြေအနေအကြား နေ့လည်စာသုံးဆောင်ခဲ့ကြသည်။ မေမေယွီက ဘော်ဒါတွေနဲ့ လက်ဖက်ရည်သွားသောက်ချင်တယ်ဆိုတာကြောင့် တိတိနဲ့ မိန့်မိန့်(ညီမလေး)ကို စောင့်ရှောက်ပေးဖို့ရာအတွက် ယွီထန်လက်ထဲ အပ်သွားတော့သည်။

ယွီမြောင်က အသက်ဆယ်နှစ်ကျော်နေပြီမို့ မိန်းကလေးငယ်လေးတွေမှာ ရှိတတ်တဲ့ ဝါသနာမျိုးသာရှိတာကြောင့် သူတို့နဲ့တူတူ မဆော့တော့ပဲ သူမအခန်းထဲကိုသာ ပြေးဝင်သွားကာ ယွီလင်ကို သူတို့နှစ်ယောက်နဲ့အတူ ချန်ထားခဲ့၏၊ မျက်ဝန်းကြီးကြီးက မျက်ဝန်းသေးသေးလေးကို ငေးကြည့်ရင်း ကျန်ခဲ့ကြရှာလေသည်။

"သွားမယ်၊ ကောကောက မင်းကို ဂိမ်းကစားဖို့ ခေါ်သွားပေးမယ်။"

ယွီထန်က ယွီလင်ကို ကျောပိုးပြီး ခေါ်သွား၏။

မေမေယွီက သူတို့ညီအစ်ကိုနှစ်ဦးသားရဲ့ ချစ်ခင်နေကြပုံကို ကြည့်ပြီး အလွန့်အလွန် ကျေနပ်သွားကာ လက်ကိုင်အိတ်ကလေးကို ကောက်ကိုင်လို့ ထွက်သွားတော့သည်။

ယွီလင်ကတော့ သူ့ကောကောထံမှာ အချီခံလိုက်ရချိန်ဝယ် တောင့်ခနဲ ဖြစ်သွားပြီး စုန့်ရှောင်းကို ကယ်တင်ပေးပါဦးဆိုတဲ့ အကြည့်လေးနဲ့ လှမ်းကြည့်လာသည်။ စုန့်ရှောင်းက ခြေလွတ်လက်လွတ် အားယားစွာနဲ့ သူတို့နောက်က လိုက်လာနေပြီး သူ့ကို ကူညီချင်သော်ငြား မတတ်နိုင်ပါပေဆိုတဲ့ အကြည့်တစ်ချက် ပေးလိုက်သည်။

ဒါက တကယ့်ကို ဘဝမကူးခင် ဝဋ်လည်တာပဲ!

(T.N/ ရှေ့အပိုင်းမှာတုန်းက မနက်စောစောစီးစီး စုန့်ရှောင်းကို ယွီထန် ထမ်းခေါ်သွားတုန်း စုန့်ရှောင်းက သူ့ကို လက်ယမ်းပြပြီး အကူအညီတောင်းတုန်းက ဒင်းလေးက ကူညီချင်သော်ငြား မတတ်နိုင်ပါပေဆိုတဲ့ အကြည့်လေးနဲ့ ကြည့်နေလိုက်တာလေ၊ အဲဒါကြောင့် ဝဋ်ပြန်လည်ပြီလို့ ပြောတာ ><)

နှစ်ယောက်သားက အချိန်အတော်ကြာကြာ အလုပ်တွေနဲ့ပဲ ရှုပ်နေခဲ့တာမို့ တစ်နေကုန်အားလပ်ရက်ရဖို့ မလွယ်ကူခဲ့ပေ၊ ဒါကြောင့် ဂိမ်းကစားတဲ့အခန်းထဲကိုပဲ သွားလိုက်ကြပြီး ဂန္တဝင်စူပါမာရီယိုဂိမ်းကို ကစားကြတော့သည်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now