Chapter //30//

10.4K 1.8K 137
                                    

UNICODE

အခန်း (၃၀) အမှတ်နှုတ်ပစ်ခြင်း

ရေမြေ့သခင် ဧကရာဇ်အရှင်တစ်ပါးရဲ့ အဟန့်ကောင်းလှတဲ့ အရှိန်အဝါက စုန့်ရှောင်းရဲ့ မျက်နှာတည့်တည့်ကို လာရောက်ရိုက်ခတ်နေတာကြောင့် စုန့်ရှောင်းတစ်ယောက် ကိုယ့်ကိုကိုယ်တောင် မသိလိုက်ပဲ နောက်ကို ကျုံ့ဝင်သွားမိတယ်။ ဒါပေမယ့်လည်း ကျောင်းအိပ်ဆောင်ရဲ့ အိပ်ရာတွေက အလွန်ကျဉ်းမြောင်းလွန်းတာကြောင့် နည်းနည်းလောက် ရွှေ့လိုက်မိတာနဲ့ကို နံရံမှာ အပြားလိုက်လေး သွားကပ်မိနေပြီ ဖြစ်တယ်။

စုန့်ရှောင်း တံတွေးမြိုချလိုက်မိလေပြီ...။

"ငါ...."

'နဂါးငွေ့တန်းကြယ်စုကြီးက အရှေ့ဘက်ကို စီးဆင်းသွား~~ မိုးကောင်းကင်ပေါ်က ကြယ်ပွင့်တွေလည်း ပေသိုးကြယ်အစုအဝေးဆီ စီးဝင်သွား~~'

*大河向东流啊... 天上星星参北斗啊... တာ့ဟယ်ရှန့်တုံးလျှိုအာ့... ထျန်းရှန့်ရှင်းရှင်းချန်းပေသိုးအာ့... >> 好汉歌 (hǎohàngē) ဟောင်ဟန့်ကောဆိုတဲ့ သီချင်းရဲ့ အဖွင့်စာသားပါ.. သီချင်းကို မီဒီယာမှာ ထည့်ထားပေးတယ်.. ဖွင့်ကြည့်ဖို့ recommand ပေးပါတယ်... ဒီနှစ်ကြောင်းက သီချင်းစစချင်း နှစ်ကြောင်းပဲ.. ဒီကတော့ ဘာသာပြန်ရင်း ဖွင့်ကြည့်လိုက်တာ အူတွေကို နာလို့ ><)

စုန့်ရှောင်းက သူ့ဖုန်းကို ကမန်းကတန်း ဆွဲယူလိုက်ပြီး ဧကရာဇ်အရှင်ရဲ့ ဖြစ်ပျက်သွားမယ့် မျက်နှာအမူအရာကိုတောင် မကြည့်ရဲတော့ပဲ ဖုန်းကိုင်လိုက်သည်မှာ ဖုန်းခေါ်တဲ့သူက ဘယ်သူဆိုတာကိုတောင် မကြည့်လိုက်မိတဲ့အထိပင်...။

"ရှောင်းရှောင်းရေ... ယယ်ယဲ့ပါကွ!"

ဖုန်းတစ်ဖက်ကနေ ထိုးထွက်လာတဲ့ အားပါးတရ ပြောဆိုနေတဲ့ အသံကျယ်ကြီးဟာ မိုးခြိမ်းသံအလား မြည်ဟည်းနေတာကြောင့် စုန့်ရှောင်းရဲ့ ကိုယ်လေးပါ တုန်တက်သွားရတယ်။

ယွီထန်ကလည်း သူ့ကိုယ်ကို ပြန်မတ်လိုက်တယ်။

စုန့်ရှောင်းရဲ့ ဖုန်းringtoneသံကို ပြောင်းပစ်အုံးမယ်။ စေးတာ့ရှု စီစဉ်ထားပေးတဲ့ အသံကြီးက မဟားတရားကို မုဒ်(mood)ဖျက်နိုင်လွန်းတယ်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now