Chapter //76//

7.4K 1.2K 74
                                    

UNICODE

အခန်း (၇၆) အာမခံ

အဲဒီနေ့ညနေခင်းမှာ စုန့်ရှောင်းက ရဲတွေထံကနေ သူ့နဲ့ တစ်ကျောင်းတည်းသား ကျောင်းသူက အဖမ်းခံလိုက်ရကြောင်းနဲ့ သူမအတွက် အာမခံနဲ့ လာထုတ်ပေးလိုခြင်း ရှိမရှိ မေးမြန်းတဲ့ အသိပေးချက်တစ်ခု ရရှိလိုက်တယ်။

"အဖမ်းခံလိုက်ရတယ်? ဘာဖြစ်လို့လဲဗျ?"

စုန့်ရှောင်းက နည်းနည်းလောက် အံ့ဩသွားတယ်။

"သူမက ပမာဏသိပ်မနည်းတဲ့ မူးယစ်ဆေးတွေ ဝယ်ယူထားလို့ပါ။"

ရဲအရာရှိက ပြောလာခဲ့တယ်။

"တကယ်လို့ မင်း သူမကို အာမခံနဲ့ ထုတ်ပေးချင်ရင် ကျေးဇူးပြုပြီး အာမခံကြေးကို ၇၂နာရီအတွင်း လာရောက်ပေးဆောင်ပေးပါ။"

"ဒီတစ်ယောက်က ဟားဗတ်တက္ကသိုလ်ကကျောင်းသူ လုံးဝမဟုတ်ဘူးလို့!"

ဟားဗတ်တက္ကသိုလ်လာတဲ့လူရဲ့ စိတ်ခံစားချက်အခြေအနေကတော့ ရိုလာကိုစတာစီးနေရသလိုပင်။ အစတုန်းကတော့ ကျောင်းသူတစ်ယောက်ကို သွားကယ်နေတာဆိုပြီး သူ့ကိုယ်သူ ဂုဏ်ယူနေခဲ့ပေမဲ့ ချက်ချင်းဆိုသလို အဲဒီမိန်းကလေးက သူ့ကျောင်းက ကျောင်းသူမဟုတ်ကြောင်း သိရှိလိုက်ရပြီး ဒေါသထွက်လာရတော့တယ်။ အဲဒီနောက်မှာတော့ ဒီမိန်းကလေးမှာ တကယ်ကြီး မူးယစ်ဆေးတွေ လက်ဝယ်ရှိနေကြောင်း တွေ့ရှိလိုက်ရပြန်လေတယ်။ 

တာဝန်ရှိသူကြီးခမျာ ပြိုင်ဘက်ကင်းအောင်ကို ဝမ်းသာပီတိဖြစ်နေမိပါပြီနော်။ တကယ်လို့ ဒီမိန်းကလေးက တကယ်ကြီး သူတို့ကျောင်းက ကျောင်းသူဖြစ်နေခဲ့ရင် ကျောင်းဂုဏ်သိက္ခာကတော့ သွားပြီပဲ။

ရလဒ်ကတော့ နိမ့်တစ်တုံမြင့်တစ်လှည့် ဖြစ်နေခဲ့ပြီးနောက် စုန့်ရှောင်းကို ဖုန်းပြန်ခေါ်လိုက်ချိန်မှာတော့ အတော်ကြီး စိတ်ငြိမ်သွားပြီဖြစ်တယ်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဗျာ? သူမက ဇာတ်ညွှန်းနဲ့ ဒါရိုက်တာမေဂျာကို တက်နေတာဆိုပြီး ကျွန်တော့်ကို သူမနှုတ်ကနေ ကိုယ်တိုင်ပြောခဲ့တာလေ။"

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now