Volume ~3~ Chapter //92//

7.1K 1.2K 25
                                    

UNICODE

အတွဲ (၃) ဥက္ကဋ္ဌ၏ နေ့စဉ်ဘဝ

အခန်း (၉၂) ဦးစီးခေါင်းဆောင်ရာထူးကို လွှဲပြောင်းသိမ်းယူခြင်း

ယွီထန်က အလျင်စလို ပြည်တော်ပြန်ဖို့ လိုအပ်နေတာမို့ နေ့တွင်းချင်းပဲ လေယာဉ်လက်မှတ်တွေ ဝယ်လိုက်ပြီး စုန့်ရှောင်းကို သူနဲ့အတူ လိုက်မလိုက် မေးလာခဲ့သည်။

ဒီလိုအချိန်မျိုးမှာ စုန့်ရှောင်းက ဧကရာဇ်အရှင်ကို ဘယ်လိုလုပ် တစ်ယောက်တည်း ပြန်သွားခိုင်းနိုင်မည်နည်း။ သူလည်း ပြန်လိုက်မယ်လို့ ချက်ချင်းပြောလိုက်၏။ ဖုန်းချပြီးတာနဲ့ အိန်ဂျယ်လ်လေးများကလပ်ရဲ့ ဥက္ကဋ္ဌကို ကမန်းကတမ်း ဖုန်းခေါ်လိုက်ပြီး ကျောင်းကနေ ခွင့်ယူဖို့ အကူအညီတောင်းလိုက်သည်။ အဲဒီနောက်မှာတော့ ရှောင်းကျန့်ချင်းကို နှုတ်ဆက်စကားပြောလိုက်ပြီး ကားနဲ့ထွက်လာခဲ့ကာ ယွီထန်ကို သွားရှာတော့သည်။

ယွီထန်က လော့မြို့လေဆိပ်မှာ ရှိနေပြီး လေဆိပ်ခန်းမကြီးထဲ စကားတစ်ခွန်းမဆိုပဲ ထိုင်နေသည်။ တူကူးအန့်ကလည်း သူ့ဘေးမှာ အဖော်ပြုပေးနေပြီး အံ့အားသင့်စရာကတော့ အိမ်တော်ထိန်းချောင်လည်း တကယ်ကြီး ရှိနေတာပင်။

"တရုတ်ပြည်ဘက်မှာ အချိန်အတိုင်းအတာတစ်ခုလောက်အထိ ဗရုတ်သုက္ခတွေ ဖြစ်နေလိမ့်မယ်။ အရှင်မင်းကြီး ကိုယ်တိုင်ကလည်း သေချာပေါက် လက်မလည်နိုင်အောင် အလုပ်များနေလိမ့်မှာ၊ အိမ်တွင်းရေးကိစ္စတွေကို ဒီအစေခံအိုကြီးထံမှာပဲ လက်လွှဲထားရမှာပါ။"

ချောင်ကုန်းကုန်းက စုန့်ရှောင်းကို တိုးတိုးတိတ်တိတ် ရှင်းပြလာသည်။ ဤသည်ကား မျိုးနွယ်စုခေါင်းဆောင်၏ ဆန္ဒလည်းဖြစ်၏။

တရုတ်ပြည်က ယွီမျိုးနွယ်စုဝင်နှစ်ဦးစလုံး မတော်တဆဖြစ်သွားတာကြောင့် တရုတ်ပြည်ဘက်က စီးပွားရေးလုပ်ငန်းအကုန် ဦးစီးခေါင်းဆောင်ပြုပေးမယ့်သူမရှိ ဖြစ်နေသည်ပင်။ သတ္တမဦးလေးမိသားစုရဲ့ ယွီချီဆိုတာကလည်း စီးပွားရေးစီမံခန့်ခွဲမှုကို ကျွမ်းကျင်သူမဟုတ်။ ယွီထန်ကပဲ ပြန်သွားပြီး တရုတ်ပြည်က အလုံးစုံသော လုပ်ပိုင်ခွင့်အာဏာတွေကို ထောက်ကန်ပေးဖို့ လိုအပ်ပေသည်။ ဒါ့အပြင် အကယ်၍များ သေဆုံးကြောင်း အတည်ပြုလိုက်ပြီဆိုသည်နှင့် ဈာပနကိစ္စတွေကိုလည်း စီစဉ်ရဦးပေမည်။ ကိုင်တွယ်စရာ ကိစ္စရပ်များက အလွန်များပြားလွန်းနေ၍ မျိုးနွယ်စုခေါင်းဆောင်က မြေးဖြစ်သူအတွက် ရင်နာနေရကာ အိမ်တော်ထိန်းချောင်ကို သူ့အား ငှားရမ်းပေးလိုက်တော့သည်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now